Jose Mourinho ဟာဆိုရင် ပေါ်တူဂီမှာ ပြန်လည်ပြီး နည်းပြမလုပ်နိုင်ကြောင်းကို ပြောကြားခဲ့ပါတယ်။ အသက် ၅၅နှစ်ရှိပြီးဖြစ်တဲ့ Mourinho ဟာဆိုရင် Benfica မှာနည်းပြလုပ်ရန် အသင်းဥက္ကဋ္ဌ Luis Filipe Vieira က Rui Vitoriaနေရာမှာ အစားထိုးရန် ကမ်းလှမ်းလဲ့ပါတယ်။ ပိုက်ဆံဟာ အဓိကမဟုတ် ဟုပါပြောကြားခဲ့ပြီး Vieria က Mourinho ကို အသင်းမှာ နည်းပြပြန်လုပ်ရန် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကြာသပတေးနေ့က ပေါ်တူဂီ TV အစီအစဉ်မှာ မော်ရင်ဟိုက ခုလိုပဲပြောကြားခဲ့ပါတယ်။  

" ကျွန်တော်တခါမှ လက်လဲမခံခဲ့သလို ငြင်းလဲမငြင်းပါဘူး....ကျွန်တော်အဲ့အသင်းကို တကယ်ပြန်မသွားချင်တာပါ.....ဒါပေမဲ့ အသင်းကိုလေးစားတဲ့အနေနဲ့ ကျွန်တော်မကမ်းလှမ်းခဲ့ပါဘူး.....ကျွန်တော်သာ ကမ်းလှမ်းမှု လုပ်ခဲ့မယ်ဆိုရင် Benfica ကအရင်ဆုံးဖြစ်မှာပါ....Benfica အသင်းအတွက် အကောင်းဆုံးကတော့ Bruno ကိုထောက်ပံ့ တာပါပဲဗျာ " ဆိုပြီးပြောခဲ့ပါတယ်။ မော်ရင်ဟိုဟာဆို Man United ကနေ အရင်လက Liverpoolနဲ့ပွဲမှာ ၃ဂိုး၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် အထုတ်ခံခဲ့ရပါတယ်။  

Man United ဟာဆိုရင်လဲ ခုချိန်မှာ ဆိုးရှားရဲ့ နည်းပြမှုတွေကြောင့် နိုင်ပွဲတွေ ပြန်ရနိုင်ခဲ့ပါတယ်။ ခုဆိုရင်လဲ ဒူဘိုင်းကနေ လေ့ကျင့်ခန်းဆင်ပြီး ပြန်လာပြီပဲ ဖြစ်ပါတယ်။ မန်ယူဟာဆိုရင် ခုလာမဲ့ Sunday မှာ စပါးနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဒါဟာ ဆိုးရှားအတွက် ပထမဆုံးသော ပွဲကြီးတစ်ပွဲပဲဖြစ်ကာ မန်ယူပရိသတ်တွေလဲ စိတ်ဝင်စားလျက်ရှိပါတယ်။ မော်ရင်ဟိုကိုထုတ်ပြီးနောက် မန်ယူအခြေအနေဟာ ကောင်းလားမလား ဆိုးလားမလားဆိုတာကိုပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။