မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ညိမ်းသော်တစ်ယောက် 0055 Design ရဲ့ New Collection တွေအတွက် ရိုက်ကူးထားတဲ့ သူ့ရဲ့ အမိုက်စား ပုံရိပ်တွေကို ပရိသတ်တွေကို ချပြလိုက်ပါပြီ။ အလန်းစားဒီဇိုင်းတွေမို့ ပျိုပျိုမေတို့ကတော့ ကြွေပြီးရင်းကြွေးနေတော့မှာပါပဲ။ " ည " ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့ ပရိသတ်အားပေးမှုတွေ အပြည့်အဝရရှိခဲ့ပြီး လက်ရှိအချိန်ထိ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ဆဲပါပဲ။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးလည်းဖြစ်ပြီး အောင်မြင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ အနုပညာလောကမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေလည်းဆက်တိုက်လုပ်နေပြီး ပရိသတ်တွေရဲ့အဆက်မပြတ်တဲ့သူတစ်ယောက်ပါပဲ။ ကိုရီးယားနိုင်ငံရဲ့ အကျော်အမော်မင်းသားဖြစ်တဲ့ လီမင်ဟိုနဲ့လည်း ရုပ်ချင်းအနည်းငယ်ဆင်တူတယ်ဆိုတဲ့ အပြောစကားတွေလည်းရှိနေပါတယ်။ တကယ်တူမတူဆိုတာတော့ ပရိသတ်ကြီးကပဲ ဆုံးဖြတ်ပေးလိုက်ပါဦးနော်။

ဘယ်အချိန်ကြည့်ကြည့်ဆွဲဆောင်မှုပိုနေတဲ့ ညိမ်းသော်ရဲ့ပုံရိပ်တွေက အချိန်တိုင်းမှာ ရင်ခုန်ချင်စရာကောင်းလွန်းနေပါတယ်။ ထူပိန်းပိန်းနှုတ်ခမ်းတွေဟာ ညို့အားပြင်းပြင်းနဲ့ တကယ်ကိုစွဲမက်ချင်စရာပါပဲ။ အမိုက်စားဒီဇိုင်းတွေနဲ့ အပြတ်အသတ်ဂေါ်နေတဲ့ ညိမ်းသော်ရဲ့ အလန်းတကာ့ အလန်းဆုံးဒီဇိုင်းတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။