ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ရွှေမှုံရတီကတော့ အနုပညာလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းကနေ အောင်မြင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်လေးပဲ ဖြစ်ပါတယ်..။

မကြာသေးခင်ကမှာ အဆိုတော်ရွှေထူးနဲ့အတူ အိမ်ထောင်ပြုလိုက်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး ရွှေမှုံကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အခမ်းအနားပွဲတွေ တော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း "Yangon Hot Pot" အဝစား ရန်ကုန် ဟော့ပေါ့ဘူဖေး ဆိုင်သစ်ဖွင့်ပွဲကိုလည်း ကျော့ရှင်းတဲ့ အလှတရားတွေနဲ့ လှသွေးကြွယ်စွာ ပွဲတက်လာပြီး ပရိသတ်တွေကို အချစ်ပိုအောင် ဖမ်းစားလိုက်ပြန်ပါတယ်..။

မြန်မာဝတ်စုံအနီရောင်ဖက်ရှင်လေးနဲ့ ကျော့ရှင်းလှပစွာ ပွဲတက်လာတဲ့ ရွှေမှုံလေးကိုတော့ ချစ်ခင်အားပေးနေကြတဲ့ ချစ်ပရိသတ်တွေကလည်း အနမ်းလေးတွေနဲ့ ပေးခဲ့ကြတာလည်း တွေ့ရပါတယ်..။

ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့မှာ အမှတ်(၈၃)၊ ရတနာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ မှာ ဖွင့်လှစ်ခဲ့တဲ့ "Yangon Hot Pot" အဝစား ရန်ကုန် ဟော့ပေါ့ဘူဖေး ဆိုင်သစ်ဖွင့်ပွဲကို ရွှေမှုံလေးက ဖဲကြိုးဖြတ်တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေနဲ့ ချစ်စရာကောင်းတဲ့ ရွှေမှုံလေးတို့ရဲ့ ပုံရိပ်လေေးတွကိုလည်း Myanmarload ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo – Nay Min Tun၊ Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။