လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်နေတဲ့ အဆိုတော်မလေး ဝိုင်းလေးကတော့ လက်ရှိမှာတော့ ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ်။ " အိပ်မက်ဆုံရာ" သီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်ပြီး လူသိများအောင်မြင်လာခဲ့တဲ့ ဝိုင်းလေးက အခုလက်ရှိမှာ သီချင်းအသစ်တွေ ဆက်တိုက်ထွက်ရှိထားတာ ဖြစ်ပါတယ်။ သူမရဲ့သီချင်းလေးတွေကလည်း နားဆင်သူတွေရဲ့ရင်ထဲအထိ ရောက်စေနိုင်ပါတယ်။

လတ်တလောမှာတော့ ဝိုင်းလေးက မြန်မာနိုင်ငံအနှံ့ ရှိုးပွဲတွေ တောက်လျှောက် သီဆိုဖျော်ဖြေနေရတာ တွေ့ရပါတယ်။ ဆံနွယ်ရှည်လေးတွေ ပိုင်ဆိုင်ထားတဲ့ ဝိုင်းလေးက နှစ်သစ်အစမှာ သူမရဲ့ဆံပင်စတိုင်ကို အမိုက်စားပြောင်းလဲ လိုက်ပါတယ်။ အခုလည်း ပရိသတ်တွေရဲ့အချစ်တွေများစွာ ပိုင်ဆိုင်ရရှိထားတဲ့ ဝိုင်းလေးက သူမကိုချစ်တဲ့ပရိသတ်တွေအတွက် စည်းကမ်းချက်လေးတစ်ခုကို စနောက်ပြီး ထုတ်ပြန်လိုက်ပါတယ်။

ဝိုင်းလေးက " ပူစီချစ်တတ်မှ သမီးဘဝထဲကို လာပါ happy and watkyi ရိုက်ပြီးမှ စတာ setting လေးတခုပါပဲ " ဆိုပြီး သူမရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဝိုင်းလေးက သူမရဲ့အချစ်တော်ကြောင်လေးနဲ့အတူ ကြောင်လေးတွေချစ်တတ်မှ သူမရဲ့ဘဝထဲကို ဝင်လာဖို့ ဖိတ်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဝိုင်းလေးရဲ့ ချစ်စရာကောင်တဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Wint Yee Shunn;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။