ပရိသတ်ကြီးဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ နီပေါနိုင်ငံ ခတ္တမန္ဒုမြို့တွင်နေထိုင်သော Thaneshwar Guragai ဆိုသူသည် သူ့ပါးစပ်အတွင်းသွားတိုက်တံကိုကိုက်ပြီး သွားတိုက်တံပေါ်မှာဘတ်စကက်ဘော ကိုအကြိမ်ရေပေါင်းများစွာအောက်ကိုပြုတ်မကျပဲ မွှတ်နေအာင်လှည့်ပြခဲ့သူရဲ့ အကြောင်းပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အလှည့်ပညာရှင်ဖြစ်တဲ့ Thomas Connors ရဲ့စံနှုန်း ၁၃.၅စက္ကန့်ကြာချိန်ကို ၂၂.၄၁စက္ကန့်ကြာချိန်အဖြစ် စံချိန်ချိုးနိုင်သွားပြီး ကမ္ဘာ့မှတ်တမ်း ဝင်နိုင်ခဲ့ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန် နေ့အခါသမယတွင် Guragai ဆိုသူသည် အချိန် 12 စက္ကန့် ကြာအောင် လက်လက်ညှိုးပေါ်တစ်ခါ သူ၏နှုတ်ခမ်းထဲရှိ သွားတိုက်တံ၏အစွန်အဖျားပေါ်မှာတစ်ခါ ဘတ်စကက်ဘောကိုထိန်းချုပ် သရုပ်ပြသွားသူဖြစ်ပါတယ်။

အဆိုပါအသက် 26 နှစ်အရွယ်အမေရိကန် thomas connors အားဖြင့် ၇စက္ကန့်ုကြာအောင်လက်ပေါ်မှာထိန်းပြီးလှည့်ပြသွားခဲ့တာဖြစ်ပါတယ်။ ယခင်ကျင်းပတဲ့ပွဲတွေမှာ စံချိန်ချိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Khangri ကတော့ အဆောက်အဦးအပြင် မီဒီယာများ၏ရှေ့မှောက်၌ ကျင်းပတဲ့ပွဲမှာလှည့်ပြသွားခဲ့တာဖြစ်ပါတယ်။ အောင်မြင်တဲ့ Thaneswarအတွက် သူတိုင်းသူပြည်သားများက အလွန်ပင်ဂုဏ်ယူဝမ်းမြောက်ကြောင်း ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်မှာဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ကမ္ဘာတစ်ဝှမ်းက ထူးခြားအံ့သြဖွယ်သတင်းထူးများအကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Guinness World Records

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။