ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး မြန်မာနိုင်ငံရဲ့ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးပြီဖြစ်တဲ့ သရုပ်ဆောင် မင်းသားချော ဝေဠုကျော် ဟာလက်ရှိမှာ သူ့ရဲ့ အနုပညာအလုပ်တွေအတွက် ပြည်သူတွေရဲ့ ဝမ်းစာ၊ အသက်အိုးအိမ်နဲ့ မျက်ရည်စက်တွေကို သုတ်ပေးချင်တဲ့ စိတ်တစ်ခုနဲ့ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေပြီး ပရဟိတမင်းသားလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံရသူပါ။

သူ့တသက်တာလုံးကို အိမ်ထောင်မပြုတော့ပဲ ပရဟိတတွေကို သာ ဦးစားပေးလုပ်ဆောင်မှာဖြစ်သလို မိဘကအိမ်ထောင်ပြုခိုင်းရင်တော့ ပြုမယ်လို့လည်း ဆိုထားပါတယ်။ မကြာသေးခင်ကလည်း နိုင်ငံတော်က ချီးမြင့်တဲ့ လူထုအကျိုးပြု ဂုဏ်ထူးဆောင် သံတမန်ဆု ဥက္ကဌအဖြစ် ဝေဠုကျော်က ခန့်အပ်ခြင်းခံခဲ့ရသလို ခိုင်နှင်းဝေကလည်း ဂုဏ်ထူးဆောင် ဒုဥက္ကဌ (၂) အဖြစ် ခန့်အပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ လက်ရှိမှာ နာဂဒေသ၊နန်းယွန်းမြို့နယ်၊ဒုံဟီး မြို့ ရှိ ဆန်တီးရွာ အပါအဝင် ရွာ(၆)ရွာအတွက် လိုအပ်နေသော ပေ(၄၀၀) ခန့် ကြိုးတံတားကို အသစ်လှူဒါန်း တည်ဆောက်ရန်အတွက် နာဂဦးစီးအဖွဲ့မှ ဦးရိထင် နှင့် လေရှီးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဒါအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊နာဂဒေသ၊လေရှီးမြို့ လေရှီးဆေးရုံသို့ Wheel Chair တစ်ခုအပြင် ဖောင်ဒေးရှင်းမှ အလှူခံရရှိထားတဲ့ Wheel Chair (၁၀)ခုထဲမှ နာဂဒေသဆေးရုံများအတွက် ၆ခု ၊ကချင်ပြည်နယ် ဆေးရုံများအတွက် ၂ခု၊ ချင်းပြည်နယ်ဆေးရုံအတွက် ၁ခု တို့ကို ပို့ဆောင် လှူဒါန်းပေးခဲ့ပါတယ်။ဒါတင်မကပဲ စစ်ကိုင်းတိုင်းဒေသကြီး၊နာဂဒေသ၊လေရှီးမြို့ ရှိ ရွေ့ပြောင်းအခြေချလာသည့် လေရှီးရွာများရဲ့နွမ်းပါး မူခွဲ စာသင်ကျောင်းကလေးမှ ကလေးငယ်များ အတွက် မုန့်နဲ့ အရုပ်ကလေးများ လက်ဆောင်ပေးဖြစ်ခဲ့ပါတယ်။

source :Wai Lu Kyaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။