ပရိတ်သတ်ကြီးရေ စမိုင်းလ်လို့ ပြောလိုက်ရင် တစ်ခေတ်တုန်းက အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့တဲ့ အရမ်းလှတဲ့မင်းသမီး ကို သိကြမှာပါ။အနုပညာလောကမှာခြေချခဲ့စဉ်တုန်းက စမိုင်းလ်ဟာ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကို ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ကြော်ငြာတွေဟာဆိုရင်လည်း ပရိတ်သတ်တွေရဲ့ကြားမှာ ရေပန်းစားခဲ့ပါသေးတယ်နော်။ 

စမိုင်းလ်က အရမ်းချစ်ရတဲ့ချစ်သူနဲ့ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ပြီး သူတို့နှစ်ယောက်ရဲ့ဘဝခရီးလမ်းသာယာဖို့အတွက် စီးပွားရေးကိုပဲ အာရုံစိုက်ပြီး ရေခြားမြေခြားမှာ အခြေချခဲ့ကြပါတယ်။အခုဆိုရင် သူတို့ဇနီးမောင်နှံနှစ်ယောက်က မြန်မာပြည်ကိုပြန်လာပြီး အခြေချကာ အရမ်းလှတဲ့ သမီးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။သမီးကြီးလေးက မေမေအတွက် တိုင်ပင်လို့ရတဲ့အရွယ်တစ်ခုကိုရောက်နေပြီဖြစ်လို့ စမိုင်းလ်အတွက် အဖော်ရတဲ့သမီးကြီးလေးပါ။ 

စမိုင်းလ်တို့မိသားစု၄ယောက်က သာယာပျော်ရွှင်ပြီး အေးချမ်းတဲ့မိသားစုလေးဖြစ်ပြီး ခင်ပွန်းဖြစ်သူကလည်း စမိုင်းလ်ကို ခဏခဏ supriseလုပ်လို့ မိန်းကလေးပရိတ်သတ်တွေကအားကျနေရတာဖြစ်ပါတယ်။အခုထိလည်းနုပျိုလှပနေဆဲဖြစ်တဲ့ စမိုင်းလ်က သမီးတွေနဲ့ယှဉ်ရင် နုနေတုန်းပါပဲနော်။ခန္ဓာကိုယ်အတွက်လည်း ကျန်းမာရေးလိုက်စားတဲ့ စမိုင်းလ်ကအခုဆိုရင် gym မှာ zumbaအကလေးနဲ့ ချစ်စရာကောင်းအောင် ကပြီး body structureကိုထိန်းသိမ်းနေပါတယ်။စမိုင်းလ်ရဲ့ ချစ်စရာzumbaအကလေးကို ကနေတဲ့ videoလေးကို ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်။

Source:စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။