ပြေတီဦးသာ ဒီနှစ်အကယ်ဒမီရရင် အနုပညာလောကထဲထွက်မယ်ဆိုတဲ့ ညိုမင်းလွင်

အနုပညာလောကရဲ့ နာမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်သူ အသစ်အဆန်းများကို တီထွင်ဖန်တီးလေ့ရှိပြီး ပရိသတ်ဆီသို့ချပြတတ်သူ ညိုမင်းလွင်းကတော့ သူ့ရဲ့ လူမှုစာမျက်နှာမှာ လတ်တလော ဝေဖန်ခံနေရတဲ့ အကယ်ဒမီပြေတီဦးနဲ့ ပတ်သတ်ပြီး ယခုလို ရေးသားထားတာတွေ့ရပါတယ်။

မနာလိုဘူးပဲပြောပြော၊ ဘာပဲပြောပြော

ဒီနှစ်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ပြေတီဦး ဆိုလို့ကတော့

ညိုမင်းလွင် ရုပ်ရှင်လောကထဲကနေ ထွက်ပြီပဲ...

အဲဒီလိုမပြောခင် သေချာအောင်တော့ သုံးဆယ့်သုံးကားထဲမှာ

သူ့ကား ပါ မပါ အရင်စုံစမ်းလိုက်ရတာပေါ့လေ...

ဒါတောင် သိပ်တော့လည်းစိတ်ချရသေးတာမဟုတ်ဘူး၊

သူ့ကားမပါပေမယ့် သူ့ ကတော်ကားက ပါနေသေးတယ်၊

တော်ကြာ အုဝဲရတဲ့ဆုကို အုဝဲနေမကောင်းလို့ဆိုပြီးသူတက်ယူပြီးမှ

" ဟိတ်ကောင် ငါ့မိန်းမနဲ့ငါနဲ့က ဘယ်သူရရ အတူတူပဲ " ဆိုပြီး

လာထွက်ခိုင်းနေမှ ဒုက္ခ...

ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးတင်ထားပါတယ်။ တကယ်တော့ ဒါဟာ သူတို့ အနုပညာညီအကို အချင်းချင်း စနောက်ပြီးရေးတဲ့ သဘောဖြစ်တယ်လို့တော့ comment မှာ ယခုလို ပြန်လည်ဖြေရှင်းထားပါတယ်။

ဪ...ကဲ...

သူငယ်ချင်းအချင်းချင်းနောက်နေတာပါ ဆို...

အရင်တုန်းကဆိုရင် ဒီကောင့်ပုံကို Photoshop ပါ လုပ်ပြီး Facebook ဆိုတာမပေါ်ခင်ကတည်းက လျှောက်ဝေခဲ့ဖူးပါတယ်ဗျို့...

အခုလည်း ဒီ comic က မီးပြတ်နေလို့ အလုပ်လုပ်ဖို့ငုတ်တုတ်ထိုင်စောင့်နေရင်းနဲ့ အင်တာနက်ကနေလျှောက်ရှာပြီး ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါဗျို့...

ဒီ့ထက်မကသော Troll ထားတဲ့ပုံတွေရှိနေပြီးသားမို့လို့ ဘယ်သူ့ဘယ်သူမှ စိတ်မဆိုးကြမှန်းသိလို့ နောက်နေတာပါဗျို့...

ရုံတင်ကား သုံးဆယ့်သုံးကားထဲမှာ ကျွန်တော့်သူငယ်ချင်းကား ဒီနှစ်မပါမှန်းလူတိုင်းသိပြီးသားမို့လို့လည်း အခုလိုနောက်ရဲတာပါဗျို့...

ကျွန်တော်တို့အချင်းချင်းမှာ နစ်နစ်နာနာမနောက်နိုင်ရင် နောက်တယ်လို့မခေါ်ပါဘူး၊

ဒါပေမဲ့လည်း ပရိသတ်တွေက လက်ရှိမှာ ပြေတီဦးနဲ့ပတ်သတ်ပြီး ကောလဟာလတွေလည်း ထွက်နေတာမို့ ညိုမင်းလွင်အနေနဲ့ ယခုလို ရေးသားထားတာဟာ ပရိသတ်တွေ တကယ်ထင်သွားမှာ စိုးတယ်ဆိုပြီး ပြောနေတာတော့ တွေ့ရပါတယ်။

တကယ်ဟုတ်ဘူးနော် ပရိသတ်ကြီး……

ညီအကို ချင်းချင်း စကြတာတဲ့……

Source: Nyo Min Lwin Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။