ပြည်သူချစ်တဲ့ ချစ်စရာမင်းသမီးလေး အိန္ဒြာကျော်ဇင်ကိုတော့ ပရိတ်သတ်တွေက အူဝဲဆိုပြီးတော့ ချစ်စနိုးလေးခေါ်ကြပါတယ်။အူဝဲက အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတည်းက လုပ်ခဲ့တာဖြစ်လို့ သူမရဲ့ အနုပညာသက်တမ်းကတော့ အရမ်းကြာမြင့်နေပါပြီနော်။အနုပညာလှုပ်ရှားမှု့သက်တမ်းကြာလေ အိုင်တင်တွေ ပိုကောင်းလာတဲ့ မင်းသမီးလေးကတော့ ယခုချိန်ထိ အောင်မြင်မှု့ကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ 

အူဝဲက ပြေတီဦးနဲ့ နှစ်ယောက်သား ဇာတ်ကားရိုက်ရင် မေတ္တာရှိသွားကြကာ နှစ်ကိုယ်တူဘဝလေးကို တည်ထောင်လိုက်တာပဲဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ ချစ်ခြင်းတွေနဲ့ သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးဖြစ်ပြီး အခုဆိုရင် သားလေးတစ်ယောက် သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားလို့ အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ 

အူဝဲတို့ဇနီးမောင်နှံက အသက်ကြီးလာပေမယ့်လည်း မပျက်စီးသေးတဲ့အလှတရားတွေနဲ့ လူငယ်တွေနဲ့အပြိုင် နုပျိုလှပနေဆဲဖြစ်ပါတယ်နော်။အနုပညာအလုပ်တွေကိုလည်း ပရိတ်သတ်တွေအတွက် အမြဲတမ်းကြိုးစားပမ်းစားနဲ့ သရုပ်ဆောင်နေဆဲဖြစ်ပါတယ်။ပြည်သူ့အချစ်တော်လေး အူဝဲကတော့ အလုပ်ကိုကြိုးစားသူလေးမို့ နေမကောင်းနေတဲ့အခြေအနေကတောင် ကြိုးစားပြီး ဇာတ်ဝင်ခန်းတွေရိုက်နေတဲ့ အနုပညာကိုချစ်တဲ့မင်းသမီးလေးပါ။ပရိတ်သတ်ကြီးလည်း အူဝဲအတွက် အားပေးစကားလေးတွေပြောသွားပါဦးနော်။

Source:Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။