ပရိတ်သတ်ကြီးရေ ချစ်စရာကောင်းတဲ့မျက်နှာပိုင်ရှင်လေးဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ အနုပညာလောကထဲမှာ အတိုင်းအတာတစ်ခုထိ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။သုသုလို့ ချစ်စနိုးခေါ်ကြတဲ့ ပိုင်ဖြိုးသုက အနုပညာအလုပ်မှာလည်းတော်သလို ပညာရေးမှာလည်း အရမ်းတော်လို့ ဆေးကျောင်းနဲ့ ကျောင်းပြီးထားတာပဲဖြစ်ပါတယ်။သုသုက ဝါသနာအရမ်းပါတဲ့ အနုပညာအလုပ်ကိုပဲ လုပ်ဆောင်တော့မှာဖြစ်လို့ ဆရာဝန်ဘဝကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ 

ပိုင်ဖြိုးသုက အခုနောက်ပိုင်းမှာ ဇာတ်ကားတွေအများကြီးကိုရိုက်လာရပြီး သူမရိုက်ကူးတဲ့ ဇာတ်ကားတွေထဲမှာမှ "မီ"ဇာတ်ကားနဲ့ ပရိတ်သတ်တွေရဲ့ရင်ကို ဝင်ရောက်သွားခဲ့ပါတယ်။မီ ဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာ ဏကြီးနဲ့က ချစ်သူတွေဖြစ်နေကြတာ နှစ်ပေါင်းလည်း အတော်ကြာနေပါပြီ။အခုဆိုရင်တော့ နှစ်ယောက်သားက ချစ်ခြင်းမေတ္တာတွေကို ဖလှယ်ပြီးတော့ လက်ထပ်လိုက်ကြပြီဖြစ်ပါတယ်။

အရမ်းချစ်ကြတဲ့ သူတို့ဇနီးမောင်နှံက ပရိတ်သတ်တွေအားကျရတဲ့ ပူပူနွေးနွေး ဇနီးမောင်နှံလေးပဲဖြစ်ပါတယ်။မိန်းမဖြစ်သူကို ချစ်လွန်းလို့ ဏကြီးကလည်း မိန်းကလေးတွေအားကျရအောင် ဖူးဖူးမှုတ်ထားတာပါနော်။အခုဆိုရင်လည်း ပိုင်ဖြိုးသုရဲ့ ရိုက်ကွင်းကိုလိုက်ပြီး ကိုယ်တိုင် နေ့လည်စာ လိုက်ကျွေးတာပဲဖြစ်ပါတယ်။အရမ်းကံကောင်းတဲ့ ပိုင်ဖြိုးသုကတော့ အရမ်းအလိုက်ပြီးချစ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားလို့ အရမ်းကို ပျော်နေပါတော့တယ်။

Source:Paing Phyoe Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။