အိုင်တင်အရမ်းကောင်းတဲ့ အချေမင်းသမီးလေးလို့ နာမည်ကြီး ရွှေမှုံရတီကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှု့တွေကို သရဖူဆောင်းနိုင်တဲ့မင်းသမီးလေးပါ။အပြစ်ပြောစရာမရှိအောင် လှပလွန်းသူလေးဖြစ်လို့ ပရိတ်သတ်တွေက သူမကို အရမ်းသဘောကျကြပါတယ်နော်။သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားများကိုလည်း ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေနဲ့ သရုပ်ဆောင်လို့ သူမဇာတ်ကားတွေဟာ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ခံရပါတယ်နော်။

ရွှေမှုံက အဆိုတော်ရွှေထူးနဲ့ အချိန်ခဏလေးအတွင်းမှာ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်သွားကြလို့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ပါတယ်။တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြလို့ ပရိတ်သတ်တွေအားကျနေရတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။နှစ်ယောက်သားက ဟန်းနီးမွန်းခရီးကို စိတ်ကြိုက်သွားလာကြပြီး အခုဆိုရင်တော့ မြန်မာပြည်ကို ပြန်ရောက်နေပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ရွှေထူးက ရွှေမှုံကို ချစ်လွန်းလို့ အစစအရာရာ အသေးအဖွဲလေးကအစ လိုက်ပြီး ဂရုစိုက်တဲ့ ခင်ပွန်းကောင်းပါဖြစ်ပါတယ်နော်။အဝတ်အစားကအစ ဇနီးသည်အတွက် ရွေးပေးဆင်ပေးပြီး စားချင်တာတွေလည်း တကူးတက ဝယ်ကျွေးသလို ထမင်းဟင်းတွေလည်း ကိုယ်တိုက်ချက်ကျွေးလို့ ရွှေမှုံကတော့ သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာပါနော်။ရွှေထူးက ဇနီးဖြစ်သူကို ချစ်လွန်းလို့ ဖုန်းဖွင့်တိုင်းမြင်တွေ့နေရအောင် ဖုန်း wallpaper ထားပြီး အပြတ်ရိုထားလို့ ပရိတ်သတ်တွေက အားကျနေရပြီဖြစ်ပါတယ်နော်။ 

Source:Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။