ပရိတ်သတ်ကြီးရေ နှင်းဆီအဖွဲ့သားတွေက နှင်းဆီပဝါခြုံတဲ့လက် ဆိုတဲ့ခေါင်းစဉ်နဲ့အငြိမ့်ကို ဒုတိယနေ့ည ကပြပြီးစီးသွားပြီဖြစ်ပါတယ်။ပရိတ်သတ်တွေကလည်း တစ်ခဲနက်အားပေးကြလို့ အရမ်းကိုအောင်မြင်တဲ့ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြလို့ ဖျော်ဖြေရတဲ့ နှင်းဆီအဖွဲ့သားတွေ ပင်ပန်းရကြိုးနပ်တာပေါ့နော်။ရီသောသူသည်အသက်ရှည်သည် ဆိုတဲ့ဆောင်ပုဒ်အတိုင်း နှင်းဆီအဖွဲ့သားတွေက ပရိတ်သတ်တွေကိုအသက်ရှည်နုပျိုနေအောင် အသစ်အသစ်သောဟာသတွေနဲ့ ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့တာပဲဖြစ်ပါတယ်။ 

နှင်းဆီအဖွဲ့မှာပါဝင်တဲ့ အနုပညာရှင်တစ်ယောက်စီတိုင်းဟာ သူတို့ရဲ့သက်ဆိုင်ရာနယ်ပယ်မှာလည်း လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ဘက်စုံတော်တဲ့သူတို့အဖွဲ့ကတော့ သဘင်ပညာရပ်ကိုလည်း စည်းကမ်းတကျနဲ့ ပရိတ်သတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်နော်။နှင်းဆီအဖွဲ့သားတွေက အရင်ကတည်းက အဖွဲ့သားအချင်းချင်း စည်းလုံးမှု ချစ်ခင်မှုတွေနဲ့ ပေါင်းစည်းထားလို့ သူတို့ကပြဖျော်ဖြေခဲ့တဲ့ အငြိမ့်တိုင်းဟာ အောင်မြင်ခဲ့ပါတယ်နော်။ 

နှင်းဆီအဖွဲ့သားတွေက နှင်းဆီဖောင်ဒေးရှင်းတစ်ခုကိုတည်ထောင်ပြီး ကပြဖျော်ဖြေလို့ရတဲ့ ပိုက်ဆံတွေကို လိုအပ်တဲ့နေရာမှာလှူဒါန်းနေတာဖြစ်ပါတယ်။ယခုလည်း နှင်းဆီအဖွဲ့သားတွေက နှင်းဆီပဝါခြုံတဲ့လက် ခေါင်းစဉ်နဲ့အငြိမ့်ကို ဒုတိယည ဖျော်ဖြေပြီးသွားပါပြီ။မနေ့ညက မင်းသမီးလေးတွေကလည်း အရမ်းလှနေပြီး ကြိုးစားပမ်းစားနဲ့ ကပြသလို လူရွှင်တော်အဖွဲ့ကလည်း အရင်နဲ့မတူတဲ့ ပြက်လုံးအသစ်တွေကို သရုပ်ဖော်ထားလို့ ကြည့်နေတဲ့ပရိတ်သတ်က ပါးစပ်မစိနိုင်အောင်ရီနေရပါတယ်နော်။ပရိတ်သတ်ကြီးကို ကြိုးစားပမ်းစားဖျော်ဖြေသွားတဲ့ သူတို့ရဲ့ပုံရိပ်တွေကိုဖော်ပြလိုက်ပါတယ်နော်။

Source:Moe Yu San/Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။