ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ တေးသီချင်းတွေသီဆိုတဲ့လူတွေကလည်း နေရာတစ်နေရာကနေ အရေးပါတဲ့အနုပညာရှင်တွေပဲဖြစ်ပါတယ်။ရှေးခေတ်ကတည်းက စည်းဝါးသံစဉ်တွေက ပေါ်ထွက်ခဲ့တာမို့ ယခုချိန်မှာတော့ ပိုပြီးဆန်းသစ်တဲ့စိတ်ကူးတွေ နည်းပညာတွေနဲ့ ပိုပြီးတိုးတက်လာပြီဖြစ်ပါတယ်။တေးရေးဆရာတွေကလည်း သီချင်းတစ်ပုဒ်ရဖို့အတွက် သူတို့ရဲ့ အချိန်တွေကိုသုံးပြီး အိမ်မက်တွေစိတ်ကူးတွေကိုအကောင်အထည်ဖော်လိုက်လို့ ကောင်းမွန်တဲ့တေးတစ်ပုဒ်ကိုရလာတာဖြစ်ပါတယ်။ 

နားထောင်တဲ့ပရိတ်သတ်ရဲ့ရင်ထဲကိုတိုက်ရိုက်ထိစေမယ့် အသံသြဇာအပြည့်နဲ့သီဆိုတဲ့ တေးသံရှင်တွေကလည်း သူတို့ရဲ့စည်းဝါးမှန်မှန်သီဆိုမှုကြောင့် နားထောင်လို့ကောင်းတဲ့သီချင်းတစ်ပုဒ်ဖြစ်လာတာပါ။အခုဆိုရင်တော့ တေးသံရှင်တွေ မြောက်မြားစွာပေါ်ထွန်းနေပြီး တစ်ယောက်စီတိုင်းက တစ်မျိုးစီတော်ကြပါတယ်နော်။မနေ့ညမှာတော့ City FM 17th Anniversaryပွဲမှာပေးအပ်တဲ့အဆိုရှင်တွေက ပရိတ်သတ်တွေအကြိုက်နဲ့ထပ်တူညီခဲ့လို့ ပရိတ်သတ်တွေလည်း သူတို့အစားပျော်ရွှင်ခဲ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင် ရွှေထူး ဖိုးသောကြာ အိုင်ရင်းဇင်မာမြင့် နီနီခင်ဇော် ကေကေမိုး ဖိုးပြည် စတဲ့အဆိုရှင်တွေက ထိုက်တန်သောဆုကို ဆွတ်ခူးရရှိခဲ့ကြပါတယ်နော်။တစ်ယောက်ချင်းစီတိုင်းက အရမ်းကိုအောင်မြင်နေတဲ့အဆိုရှင်တွေဖြစ်လို့ ရခဲ့တဲ့ဆုနဲ့ထိုက်တန်ပါတယ်။သူတို့ရဲ့သီချင်းတွေကလည်း ပရိတ်သတ်တွေကြားမှာ အရမ်းကိုရေးပန်းစားတဲ့သီချင်းတွေဖြစ်ပါတယ်။မနေ့ညဟာဆိုရင် သူတို့ရဲluckyညလေးဖြစ်လို့ ပျော်ရွှင်နေတဲ့ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်နော်။ 

Source:Aye Zaw Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။