ပရိတ်သတ်တွေချစ်ခင်အားကျရတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့ အိမ်ထောင်ရေးလေးဟာ အရမ်းကိုသာယာပျော်ရွှင်ပြီး တည်ငြိမ်အေးချမ်းတဲ့အိမ်ထောင်ရေးလေးပဲဖြစ်ပါတယ်။အာဘွိုင်းက သူ့ထက်အသက်အများကြီးငယ်တဲ့ ချစ်စရာကောင်းတဲ့ ဇနီးခေါချောလေးကို ပိုင်ဆိုင်လိုက်ရလို့ ယောကျာ်းသားထုကြီးကတော့ အားကျနေရတာဖြစ်ပါတယ်။အာဘွိုင်းက အရင်တုန်းသီချင်းတွေကိုသီဆိုခဲ့တဲ့ တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကိုရပ်နားကာ စီးပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။

ချစ်ဇနီးချောလေး မြတ်ရတနာကျော်က တောင်ကြီးသူလေးဖြစ်ပြီး စိတ်သဘောထားဖြူစင်တဲ့ ရှမ်းမလေးဖြစ်လို့ ပရိတ်သတ်တွေကအရမ်းချစ်နေရတာပဲ့ဖစ်ပါတယ်။မြတ်ရတနာကျော်နဲ့အာဘွိုင်းက ဆန်းကြယ်လွန်းတဲ့ဖူးစာကြောင့် မိုင်ပေါင်းဘယ်လောက်ဝေးဝေး မေတ္တာချင်းဖလှယ်ပြီး နှစ်ကိုယ်တူဘဝလေးကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူကလည်း အစစအရာရာအလိုလိုက်ပြီးပျော်ရွှင်အောင်ထားလို့ အိမ်ထောင်ရေးကံကောင်ပြီးပျော်ရွှင်ရတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ 

သူတို့ဇနီးမောင်နှံနှစ်ယောက်မှာ အခုဆို ချစ်စရာသမီးလေးကိုမွေးဖွားထားပြီးပါပြီ။ဖအေချော မအေချောမို့ သမီးလေးကလည်းအရမ်းကိုချစ်စရာကောင်းပါတယ်နော်။ယောကျာ်းကိုအရမ်းချစ်တဲ့ မြတ်ရတနာကျော်ကလည်း ဝတ္တရားကျေပြွန်အောင် ဂရုစိုက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ယခုဆိုလည်း အာဘွိုင်းရဲ့မွေးနေ့မှာ မြတ်ရတနာကျော်က birthday kissလေးပေးပြီး ယောကျာ်းအတွက် ရိုအဆန်ဆုံးမွေးနေ့ပွဲလေးကိုကျင်းပပေးခဲ့ပါတယ်။အာဘွိုင်းကတော့ ချစ်ရတဲ့မိသားစုနဲ့အတူတူ မွေးနေ့ပွဲလေးကိုကျင်းပရလို့ အရမ်းကိုပျော်ရွှင်နေပါတယ်။

Source:Kyaw Phyo Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။