ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်စကားသံတွေပါဝင်တဲ့ Live Video တွေကို ရိုက်ကူးမိတဲ့ သရုပ်ဆောင်က Online ပေါ် Status တင်ပြီး ပြေတီဦးနဲ့ ကစ်ကစ်ကို တောင်းပန်ခဲ့ပေမယ့် ... ဘာကြောင့်မှန်းမသိ ခဏအကြာမှာပြန်ဖျက်သွားခဲ့ပါတယ် ။

Status ထဲမှာတော့ ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်တို့နှစ်ယောက်စလုံးကို တောင်းပန်ခဲ့ပြီး အကိုတစ်ယောက်က သူ့ဖုန်းက live လွှင့်ပေးပါလို့ တောင်းဆိုလို့ ပြေတီဦးက ဝတ်မှုန်ရွှေရည်ကို စနောက်နေတဲ့ စကားသံတွေပါဝင်သွားတာ မသိလိုက်မိဘဲလွှင့်ပေးလိုက်မိတာလို့ ဆိုပါတယ် ။ တကယ်ကိုစနောက်နေကြတာပါ ။ အဲဒါတွေက အတည်မဟုတ်တဲ့ အတွက် facebook ပေါ်မှာ မ Share ကြပါနဲ့ အမုန်း Status တွေ မတင်ကြပါနဲ့ ... တကယ်ချစ်ဖို့ကောင်းတဲ့ အနုပညာ မောင်နှမတွေပါလို့ပြောထားပါတယ် ။ ထို Status ကိုခဏအကြာမှာ ပြန်ဖျက်သွားတာ ဘာကြောင့်လဲဆိုတာတော့ စဉ်းစားစရာပါပဲ ...

Source : Nanda Kyaw Swar's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။