တီတီတာတာ စကားပြောဟန်လေးတွေနဲ့ ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်လာတဲ့ ထိပ်ထားသခင်ကတော့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေပြီဖြစ်ကာ ပရိသတ်တွေလည်းအခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။ထိပ်ထားလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များတာဖြစ်ပါတယ်။

ကလေးလေးဆိုပေမယ့် လုံး၀ ကြောက်ရွံ့ခြင်းမရှိဘဲ ရဲရင့်တဲ့ထိပ်ထားလေးက အခုဆိုရင် မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး မော်ဒယ်လေးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ထိပ်ထားက မီဒီယာနဲ့အနုပညာအသိုင်းအဝိုင်းရဲ့ စိတ်ဝင်စားခြင်းခံနေရပြီး အရွယ်လေးနဲ့မလိုက်အောင် အလုပ်တွေကြိုးစားပြီး လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။လတ်တလောမှာလည်း အသည်းယားစရာကောင်းတဲ့ အမူရာလေးတွေနဲ့ ကပြထားတဲ့ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြထားတာတွေ့၇ပါတယ်။

ဗီဒီယိုလေးထဲမှာ အရမ်းချစ်ဖို့ကောင်းပြီး အသည်းယားစရာကောင်းနေတာလည်းဖြစ်ပါတယ်။။ကဲ.....ချစ်ပရိသတ်ကြီးတွက် ထိပ်ထားလေးရဲ့ အသည်းယားစရာအရမ်းကောင်းတဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီး ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ထိပ်ထားလေးရဲ့ ရှေ့ဆက်အနုပညာအလုပ်တွေ ပိုမိုအောင်မြင်မှုရပါစေ ဆုတောင်းပေးလိုက်တယ်နော်............။

Source:Htate Htar Thakhin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။