ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးလေး မအေးသောင်းကတော့ တည်ငြိမ်ရင့်ကျက်တဲအလှတွေနဲ့ ယဉ်ယဉ်လေး လှသူလေး ဖြစ်ပါတယ်။ မြန်မာဆန်တဲ့အလှတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ မအေးသောင်းကိုတော့ အားလုံးက အပျိုကြီးမမလို့ ထင်မှတ်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မအေးသောင်းဟာ သူမရဲ့ facebook နဲ့ my story မှာ အမြဲလိုလို အချစ်နဲ့ပတ်သတ်တဲ့အကြောင်းလေးတွေကို တင်လေ့ရှိတာ ဖြစ်ပါတယ်။
သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။ သူမဟာ ပီပြင်တဲ့ သရုပ်ဆောင်မှုပါမက မြန်မာဆန်ဆန် အမြဲဝတ်တက်တဲ့ သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်ယဉ်လေး ဖက်ရှင်ကျမှုကြောင့်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာ ရထားသူလည်းဖြစ်ပါတယ်။
အချစ်စကားလှလှလေးတွေ ပြောတတ်တဲ့ မအေးသောင်းကတော့ အားလုံးကထင်ထားကြတဲ့အတိုင်း အပျိုကြီးမမ မဟုတ်ဘူးဆိုတာကို မကြာခင်ကမှ သက်သေပြထားတာလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း ချစ်သူနဲ့ အတူအမှတ်တရ ပုံလေးတွေကို သူမရဲ့ဖေ့ဘွတ် မိုင်ဒေးလေးမှာဖော်ပြထားတာတွေ့ရပါတယ် ချစ်သူကောင်လေးရဲ့ မျက်နှာကို သေချာ မဖော်ပြထားပေမယ့်လည်း သူမကိုအရမ်းချစ်ကြောင်းလေးတွေကိုတော့ ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။
Source:Aye Thaung
Photo credit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။