အခုလက်တလောရေပန်းစားနေတဲ့ တက်သစ်စမော်ဒယ်နွယ်နွယ်ထွန်းက ချစ်စရာကောင်းပြီး ဖြူစင်တဲ့ အပြုံးပိုင်ရှင်လေးပဲဖြစ်ပါတယ်။နွယ်နွယ်ထွန်းက အခုဆိုရင် အနုပညာလောကထဲကို တစ်ဖန်ပြန်လည်ဝင်ရောက်လာပြီး ပုရိသတွေရဲ့ရင်ကို ကိုင်လှုပ်နိုင်တဲ့အထိ ရေပန်းစားလာခဲ့ပါတယ်။နွယ်နွယ်ထွန်းကို ရစ်ရစ်လို့ခေါ်ကြပြီး ကလေးဆန်ဆန်နဲလှပတဲ့မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ရစ်ရစ်ရဲ့ ဆွဲဆောင်မှု့ရှိတဲ့ဓာတ်ပုံအလှလေးတွေကို ပရိတ်သတ်အတွက်ချပြနေကြဖြစ်လို့ ပရိတ်သတ်တွေက သတိထားမိတာဖြစ်ပါတယ်။ 

သူမက sexy ဆန်တဲ့အဝတ်စားတွေနဲ့လည်း လှပပြီးညှို့ယူနိုင်သလို မြန်မာဝတ်စုံနဲ့ဆိုလည်း ရိုးရိုးယဉ်ယဉ်လေးနဲ့ လှနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။နွယ်နွယ်ထွန်းက အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို သေသေချာချာ လုပ်ကိုင်လာပြီး အောင်မြင်မှု့ခြေလှမ်းကိုစတင်နေတာဖြစ်ပါတယ်။နွယ်နွယ်ထွန်းရဲ့ ကမ်းခြေအလှဓာတ်ပုံတွေကလည်း ပုရိသတွေရဲ့ရင်ကို တိုက်ရိုက်ထိစေပါတယ်နော်။သူမက အားပေးတဲ့ပရိတ်သတ်ကြီးအတွက် အမြဲတမ်းအသစ်အသစ်တွေကိုပေးဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

နွယ်နွယ်ထွန်းက စိတ်သဘောထားဖြူစင်ပြီး တည်ငြိမ်ရင့်ကျက်သူတစ်ယောက်ဖြစ်လို့ လူမှု့ဆက်ဆံရေးမှာလည်း ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ပါတယ်။အခုဆိုရင် နွယ်နွယ်ထွန်းက သူမရဲ့မွေးနေ့လေးမှာ မော်ဒယ်မိုးမြင့်သဇင်နဲ့အတူ အမှတ်( စိုက်ပျိုးရေးခြံ )ဟိုင်ဆင်ဒူးဝါးလမ်း ၁၁ ရပ်ကွက် အရှေ့ဒဂုံမြို့နယ်ကိုသွားရောက်ပြီး လိုအပ်နေတဲ့ကလေးလေးတွေအတွက် လိုအပ်တာလေးတွေကို လှူဒါန်းပြီးကုသိုလ်ယူခဲ့ပါတယ်နော်။ကလေးလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြပြီး ကလေးလေးတွေပျော်နေတဲ့အပျော်ကိုတွေ့မြင်ရလို့ အလှူရှင်နွယ်နွယ်ထွန်းက ပီတိတွေဖြာနေတဲ့ပုံရိပ်လေးကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Nwe Nwe Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။