ပရိတ်သတ်တွေရဲ့ရင်ထဲမှာ ထာဝရရှိနေတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ရိုးသားတဲ့ တောင်ပေါ်သားတိုင်းရင်းသားလေးဖြစ်လို့ ဖြူစင်တဲ့စိတ်ထားနဲ့ ရိုးသားတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။စိုင်းစိုင်းက အနုပညာလောကထဲကို တေးသီချင်းတွေကို သီဆိုရင်းဝင်ရောက်လာတာဖြစ်ပါတယ်။သူသီဆိုတဲ့ သီချင်းတွေကလည်း ပရိတ်သတ်တွေရဲ့ရင်ထဲကို ရောက်အောင်ဆိုနိုင်လို့ စိုင်းစိုင်းခမ်းလှိုင်ဆိုပြီး အောင်မြင်လာတာဖြစ်ပါတယ်။

စိုင်းစိုင်းက အသက်အရွယ်တစ်ခုကို ရောက်လာပေမယ့်လည်း နုပျိုလန်းဆန်းတဲ့ရုပ်ရည်နဲ့ လူငယ်လေးတွေနဲ့အပြိုင် လန်းနေနိုင်ပါသေးတယ်နော်။ယခုချိန်ထိလည်း တေးသီချင်းပေါင်းများစွာကို သီဆိုနေပြီး သူရဲ့ သီချင်းတိုင်းကလည်း ပရိတ်သတ်တွေက တစ်ခဲနက်အားပေးကြလို့ ယခုချိန်ထိ အောင်မြင်မှုကိုထိန်းထားနိုင်ပါသေးတယ်။စိုင်းစိုင်းက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်လို့ အရမ်းကို စန်းပွင့်လွန်းပါတယ်နော်။

စိုင်းစိုင်းက အရင်ကတည်းက တေးသီချင်းများကို အသံသြဇာကောင်းကောင်းနဲ့ သီဆိုနိုင်သူတစ်ယောက်ဖြစ်လို့ တေးသီချင်းနဲ့ပတ်သက်ပြီး ဆုတံဆိပ်တွေ အများကြီး ရရှိခဲ့တဲ့ အအောင်မြင်ဆုံးတေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင်လည်း City FM 7th anniversary ကျင်းပတဲ့ပွဲလေးမှာ စိုင်းစိုင်းခမ်းလှိုင်က ဆုနှစ်ဆုတောင် ဆွတ်ခူးသွားပြန်ပါသေးတယ်နော်။ခေတ်တွေဘယ်လိုပြောင်းပြောင်း ပြောင်းတဲ့ခေတ်တိုင်းရဲ့ ပရိတ်သတ်တွေကို စိုင်းစိုင်းကို အားပေးကြလို့ အောင်မြင်မှု့တွေကို ရရှိနေတာပဲဖြစ်ပါတယ်။

Source:Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။