ရုပ်ရှင်ဇာတ်ကားကောင်းတွေရိုက်ကူးမှုကြောင့် ပရိတ်သတ်တွေရဲ့လက်ခံအားပေးမှုအများဆုံးရရှိခဲ့ကြသူတွေကတော့ ခီမောင်နှံပဲ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကကို အသွင်တစ်မျိုးနဲ့ပြောင်းလဲထိုးဖောက်လာနိုင်ခဲ့တဲ့ ခီဇနီးမောက်နှံဟာ လက်ရှိမှာတော့ “ Now And Ever (သံယောဇဉ်နှောင်ကြိုး) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။  

ဥပါယ်တံမျဉ်နဲ့အောင်မြင်မှုများစွာရရှိထားခဲ့တဲ့ သူတို့ဇနီးမောင်နှံဟာ အနေအေးဆေးတည်ငြိမ်ပြီး ရင့်ကျက်တဲ့ပြောဆိုမှုတွေကြောင့် လူကြီးလူငယ်မရွေး ပရိတ်သတ်တွေရဲ့ လေးစားချစ်ခင်ခြင်းတွေကို ပိုင်ဆိုင်ထားသူနှစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူး။ သူတို့ဇနီးမောင်နှံဟာ အနုပညာအလုပ်ကိုစေတနာပါပါနဲ့ တက်ညီလက်ညီနဲ့လုပ်ကိုင်နေကြသူများဖြစ်ပြီး လိုက်ဖက်လွန်းတဲ့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ခီမောင်နှံဟာ သားလေး Noah လေးနဲ့အတူ ပျော်ရွှင်သောမိသားစုလေးကို ပိုင်ဆိုင်ထားပါသေးတယ်။  

နတ်ဖက်တဲ့စုံတွဲလို့တောင်ထင်မှတ်ရလောက်တဲ့ ခီဇနီးမောင်နှံဟာ လွန်ခဲ့တဲ့စနေနေ့က MCC ခန်းမမှာကျင်းပတဲ့ City FM 17th Anniversary ပွဲသို့တက်ရောက်ခာတဲ့ပုံရိပ်လေးများကို ခရစ္စတီးနားခီရဲ့လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေထားတာကိုတွေ့ရပါတယ်။ ပကာသနတွေမပါပဲ ရိုးရိုးရှင်းရှင်းဖက်ရှင်လေးတွေနဲ့ပွဲတက်လာကြတဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရှုပြီး သူတို့ရဲ့အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦး ပရိတ်သတ်ကြီးရေ။

Photo - Christina Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။