သရုပ်ဆောင်၊ မော်ဒယ်နှင့် အဆိုတော် ဝါဆိုမိုးဦးဟာ လှပတဲ့သူမကောက်ကြောင်းအလှတွေကြောင့် ပုရိသတွေရဲ့တစ်ခဲနက် ဝန်းရံအားပေးခြင်းကိုရရှိထားသူပါ။ သရုပ်ဆောင်အဖြစ်နဲ့အနုပညာလောကထဲကိုရောက်ရှိလာပြီး ဒီနောက်ပိုင်းမှာတော့ သီချင်းခွေလည်းထွက်ရှိထားကာ ပရိတ်သတ်အားပေးမှုများလည်း အပြည့်အဝရရှိထားသူပါ။ 

လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ မဂ္ဂဇင်းဓာတ်ပုံများရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထိပ်တန်း Hip Hop အဆိုတော် ဖြိုးလေးနဲ့လည်း ချစ်ကြိုက်နေတာဖြစ်ပြီး သုံးနှစ်ကျော်ချစ်သက်တမ်းကာလကိုဖြတ်သန်းလာတာပဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ သာယာသောအချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။  

သူတို့စုံတွဲလေးရဲ့လှုပ်ရှားသွားလာမှုတွေကိုလည်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပရိတ်သတ်တွေအတွက်တင်ပေးလေ့ရှိတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့စုံတွဲလေးအဖြစ် ပရိတ်သတ်များကသတ်မှတ်ထားကြတဲ့ သူတို့စုံတွဲလေးဟာ ပြီးခဲ့တဲ့စနေနေ့က City FM 17th anniversary ပွဲကိုတက်ရောက်လာကြတဲ့ပုံရိပ်လေးများကို ဝါဆိုမိုးဦးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေထားတာကိုလည်းတွေ့ရပါတယ်။ ဂါဝန်အပြာလေးနဲ့လှချင်တိုင်းလှရက်နိုင်လွန်းတဲ့ ဝါဆိုမိုးဦးနဲ့ စမတ်ကျတဲ့ဖက်ရှင်နဲ့ပွဲတက်လာကြတဲ့ ဖြိုးလေးတို့ရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်များကို ပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo - Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။