အခုလက်တလောမှာ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို ရရှိလာတဲ့ နေခြည်ဦးကတော့ အရင်ကတည်းက မိန်းကလေးတွေရဲ့ အလှအပရေးရာအတွက် ပြောပြပေးနေတဲ့ baeuty blogger တစ်ယောက်ဖြစ်ပါတယ်။ခြည်ခြည်က သူကိုယ်တိုင်လည်း လှပအောင်နေသလို မိန်းကလေးတွေကိုလည်း လှစေချင်လို့ အကုန်လုံးကို စူးစမ်းလေ့လာပြီးပြောပြပေးနေတာဖြစ်ပါတယ်။အရမ်းကိုချစ်စရာကောင်းပြီး သွက်လက်ဖျက်လက်တဲ့ သူမက ပွင့်ပွင့်လင်းလင်နဲ့ စိတ်သဘောထားဖြူစင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။

နေခြည်ဦးက အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေအများအပြားကို ရိုက်လာရပြီး တက်သစ်စ မင်းသမီးလေးဖြစ်ပေမယ့် သရုပ်ဆောင်တဲ့ အိုင်တင်တွေကတော့ ပြောစရာမလိုအောင်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိလို့ အရမ်းကို အောင်မြင်နေတာပါနော်။နေခြည်ဦးက အခုဆိုရင် ကိုယ်ပိုင် ကုမ္ပဏီ တစ်ခုကို တည်ထောင်လိုက်ပြီး ကိုယ်ပိုင်စီးပွားရေးလေးကို တစ်နိုင်တစ်ပိုင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

နေခြည်ဦးက လူချစ်လူခင်လည်း ပေါများပြီး ပေါင်းသင်းဆက်ဆံရေးလေးကောင်းလို့ မိတ်ဆွေအပေါင်းအသင်းကတော့ ပေါများပါတယ်နော်။နေခြည်ဦးက အခုဆိုရင် SAI SAI cosmetic ပွဲလေးကို တက်ရောက်ပြီး စိုင်းစိုင်း ကောင်းထက်ဇော်တို့နဲ့အတူ ပွဲလေးကို အသက်ဝင်အောင် ကောင်းထက်ဇော် လုပ်ခိုင်းတဲ့ ဘယ်ညာ အကကို စိုင်းစိုင်းရဲ့ ပရိတ်သတ်တွေနဲ့အတူ ကခဲ့ပါတယ်နော်။ခြည်ခြည်ရဲ့ ချစ်စရာဟန်ပန်အမူအရာလေးတွေက အရမ်းချစ်စရာကောင်းလို့ ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။