ဒါရိုက်တာ ဏကြီးနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့စုံတွဲကတော့ အနုပညာရှင်စုံတွဲတွေထဲမှာ စံတင်လောက်တဲ့စုံတွဲတစ်တွဲအဖြစ် ပါဝင်ပါတယ်။ ချစ်သူသက်တမ်း ၅ နှစ်ကျော်မှာ လက်ထပ်ထိမ်းမြားလိုက်တဲ့ သူတို့စုံတွဲလေးက အတူလက်တွဲပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဖန်တီးနေကြတာလည်း ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက် အတူဖန်တီးထားတဲ့ "မီ" ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ နှစ်ဦးသဘောတူ ထိမ်းမြားမင်္ဂလာပြုခဲ့ကြတာ ဖြစ်ပါတယ်။ ပကာသနတွေကင်းပြီး ရိုးရှင်းတဲ့ မင်္ဂလာပွဲလေးကို ပြုလုပ်ခဲ့တဲ့ သူတို့စုံတွဲလေးရဲ့ ဟန်းနီးမွန်းခရီးစဉ်လေးကလည်း တကယ့်ကို အေးချမ်းသာယာစရာကောင်းလောက်ပါတယ်။ ဒါ့အပြင် သူတို့ဇနီးမောင်နှံရဲ့ Pre Wedding အတွက် ရိုက်ကူးခဲ့တဲ့ ဗီဒီယိုလေးက လွန်ခဲ့တဲ့ ၁၉၂၀ ခေတ်အနောက်ပိုင်းကို ပြန်ရောက်သွားသလိုခံစားမြင်တွေ့ရမှာ ဖြစ်ပါတယ်။

အများနဲ့မတူတဲ့ အိုင်ဒီယာအဆန်းလေးတွေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ပိုင်ဖြိုးသုတို့စုံတွဲရဲ့ Pre Wedding ဗီဒီယိုလေးကတော့ ခေတ်ဟောင်းရုပ်ရှင်ကားတစ်ကားကြည့်ရှုနေရသလို ခံစားမိစေပါတယ်။ အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ သူတို့နှစ်ဦးရဲ့ဗီဒီယိုဖိုင်လေးကတော့ မနေ့ကမှ အသစ်ထွက်ရှိလာတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လက်ရှိမှာ လူကြိုက်များနေတဲ့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့စုံတွဲရဲ့ Pre Wedding ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Life Photography;

Photo& Video:Credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။