James Franco နဲ့ သူ့ကောင်မလေး Isabel Pakzad တို့ဟာစနေနေ့က ချိန်တွေ့ခဲ့ကြပြီး ရုပ်ရှင်ရုံကို သွားခဲ့ပါတယ်။ မင်းသာ James Franco ဟာ အသက်၄၀ရှိပြီဖြစ်ပြီး မင်းသမီး Isabel Pakzad ကတော့ အသက်၂၅သာရှိပါသေးတယ်။ အချစ်မှာ အသက်ဆိုတာ ဂဏန်းတစ်ခုထက်မပိုဘူးဆိုတာကို သက်သေပြသွားတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပဲ လမ်းကိုတူတူလျှောက်လာခဲ့ပါတယ်။

James ကတော့ ဆောင်းရာသီရဲ့အအေးဒဏ်ကိုခံရန် အပေါ်ကနေ နှစ်ရောင်စပ် ဂျင်အင်္ကျီကိုဝတ်ဆင်ကာ အတွင်းမှာတော့ အဖြူရောင် တီရှုပ်ကို ဝတ်ဆင်ထားပါတယ်။ အောက်ဘက်မှာတော့ အမဲရောင်ဂျင်ဘောင်ဘီနဲ့ အနီရောင် ရှုးဖိနပ်ကို ဝတ်ဆင်ထားပါတယ်။ Isabel ကတော့ အပေါ်ကနေ အမဲရောင်အင်္ကျီကို ဝတ်ဆင်ကာ အတွင်းမှာလည်း အမဲရောင်ကိုပဲဝတ်ဆင်ထားပါတယ်။ အောက်မှာတော့ အညိုရောင် စကတ်ကို ဝတ်ဆင်ထားကာ အမဲရောင် ဖိနပ်ကို ဝတ်ထာပြီး အနက်ရောက်လက်ကိုင်အိတ်ကို ကိုင်ထားပါတယ်။

သူတို့နှစ်ယောက်ဟာ နိုဝင်ဘာ ၂၀၁၇ ကတည်းက ချိန်တွေခဲ့ကြပြီး တိုးတိုးတိတ်တိတ်ပဲနေကာ သူတို့အကြောင်းတော်တော်များများကို လျှို့ဝှက်ထားကြပါတယ်။ James က Isabel နဲ့တွဲနေတာကို သတင်းစာတွေ ဘာတွေကိုမပြောဘူးဆိုတာ သေချာပါတယ်။ သူဟာလွန်ခဲ့တဲ့ အပတ်လောက်တုန်းက လိင်မှုဆိုင်ရာနဲ့ပတ်သတ်တဲ့ လက်မခံနိုင်တဲ့ အပြုအမှုကို ပြုလုပ်ခဲ့တယ်လို့ သတင်းခေါင်းစဉ်ပါခဲ့ပါတယ်။ မနှစ်တုန်းက ဇန်နဝါရီလမှာလဲ လိင်မှုဆိုင်ရာနဲ့ပတ်သတ်လို့ပြောခံခဲ့ရပါသေးတယ်။ သူဟာခုချိန်ထိ အဲ့လို အရာတွေနဲ့ရင်ဆိုင်နေရပါတယ်။ 

Source : Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။