ချစ်ပရိသတ်ကြီးရေ ဦးအောင်ခိုင်နဲ့ဝါဝါအောင်တို့ အနုပညာဇနီးမောင်နှံကိုသိကြမယ်ထင်ပါတယ်။ သရုပ်ဆောင်ကောင်းသူများဖြစ်ကြပြီး အောင်မြင်မှုသရဖူတွေကို ဆွတ်ခူးနိုင်သူတွေဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သရဲသင်္ဘောရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မင်းသမီးအဒေါ်နေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဟာသထိတ်လန့်ဖွယ်ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့လည်းဆိုထားပါတယ်။

ကိုယ်လူချောအဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးအောင်ခိုင်နဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနေတာဖြစ်ပါတယ်။ ဦးအောင်ခိုင်နဲ့ ဝါဝါအောင်တို့ ဇနီးမောင်နှံဟာဆိုရင် သရုပ်ဆောင်တဲ့အပိုင်းမှာလည်း အတွဲညီညီနဲ့ သရုပ်ဆောင်ပီပြင်သူတွေဖြစ်ကြပါတယ်။ ဇာတ်ပို့ဇာတ်ရန် လောကမှာ အောင်မြင်မှု ကိုယ်စီနဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုတွေပါ ရရှိပိုင်ဆိုင်ထားတဲ့ အထိ ထူးချွန်ကြတဲ့ သရုပ်ဆောင် ဇနီးမောင်နှံ ပဲဖြစ်ပါတယ်။ 

ဘာသာတရားကိုင်းရှိုင်းပြီး ဘုရားတရားလိုက်စားတဲ့ ဝါဝါအောင်ရဲ့ အဖြစ်အပျက်လေးကတစ်ကယ့်ကို စိတ်ဝင်စားဖို့ကောင်းပြီးတစ်ကယ့်ကိုထူးဆန်းလှပါတယ်။ သူရဲ့ အဖြစ်အပျက်လေးကို အခုလိုပဲပြောပြလာပါတယ်" သူတို့ ဇနီးမောင်နှံ မလေးရှားမှာ သီချင်းသွားဆိုစဉ်တုန်းက သူများအခန်းတွေသရဲခြောက်ပင်မဲ့ သူတို့တည်းတဲ့ အခန်းကတော့ အေးအေးချမ်းချမ်းနဲ့ နားနေလို့ရတယ်လို့ ပီတိဖြစ်ဖွယ်ဆိုထားပါတယ်။ ဒါဟာ ညစဉ် ညတိုင်း ဘုရားရှိခိုးပြီး (၃၁)ဘုံနဲ့တကွ ဘိုးဘွားမိဘတွေကို အမျှပေးဝေတဲ့ အတွက်ကြောင့်မလို့ဖြစ်ပါတယ်"လို့ဆိုထားပါတယ်။ "သရဲသင်္ဘော ဇာတ်ကားက တကယ့်ကို ရယ်ရတဲ့ ဇာတ်ကားပါပဲ .. ပရိသတ်ကို အတင်းရယ်ခိုင်းတာ မဟုတ်ဘဲ ရယ်ရတဲ့ အခန်းတွေ အများကြီး ပါတယ် ..." လို့ ဖြေဆိုထားတဲ့ interview လေးကို ပုံရိပ်တွေနဲ့တကွ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source MLTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။