သရုပ်ဆောင်၊ မင်းသားချော Tyron Bejay ဟာ အနုပညာလောကကို မော်ဒယ်လ်တစ်ယောက် အနေနဲက ဝင်ရောက်လာခဲ့ပြီးနောက် လက်ရှိမှာတော့ ရုပ်ရှင်သရုပ်ဆောင်မင်းသားတဦးအနေနဲ့ သာမက ကြော်ငြာ၊ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနေဆဲဖြစ်ပါတယ်။ အဆီပိုမရှိ ယောကျာ်းဆန်ပြီး ကျစ်လျစ်နေတဲ့ တောင့်တောင့်ဖြောင့်ဖြောင့်ကိုယ်ခန္ဓာအချိုးအစားနဲ့ အတူ အရပ်မြင့်မြင့်၊ မျက်ခုံးမွှေး ထူထူနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးလို့ ဆိုရင်လည်း မမှားပါဘူး။

လက်ရှိမှာ သရုပ်ဆောင်ဘက်အပိုင်းကို ခြေလှမ်းစိတ်လာပြီဖြစ်တဲ့ တိုင်ရွန်ဟာ "မနေကဖြစ်သည်-၂" တီဗွီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး နဲ့ လတ်တလောမှာ ပုရိသ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေဆဲဖြစ်ပါတယ်။ နေခြည်ဦးနဲ့တစ်ယောက်နဲ့တစ်ယောက် ပြောမနာ၊ ဆိုမနာ အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေမို့ ပုရိသရုပ်ရှင်ဇာတ်ကားကြီးမှာ ပျော်ပျော်ရွှင်ရွှင်ရိုက်ကူးနေတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။

လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ တိုင်ရွန်တစ်ယောက် "17 th City FM" ဆုပေးပွဲကိုတက်ရောက်ခဲ့ပြီး အထာကျတဲ့ Gentle Man အသွင်နဲ့မြင်တွေ့ရမှာပါ။ ကျောက်စိမ်းရောင် ဘောင်းဘီရှည်နဲ့ အနက်ရောင်ကုတ်ကို လိုက်ဖက်စွာဝတ်ဆင်ထားပြီး Versace ခါးပတ်၊ ရှူးဖိနပ်အပြည့်ပါဝတ်ဆင်ထားတာမို့ အရမ်းကို ကြည့်ကောင်းနေတာမို့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြလိုက်ရပါတယ်။

source :Tyron Bejay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။