အဆိုတော် G Fatt နဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့စုံတွဲကတော့ တစ်နေ့တစ်ခြား အချစ်တွေခိုင်မာပြီး ပိုတိုးလို့ ချစ်လာကြတာ တွေ့ရပါတယ်။ သူတို့စုံတွဲလေးက "မ နဲ့ မောင်" စုံတွဲလေးဖြစ်သလို စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ အရမ်းကို ကြည်နူးစရာကောင်းတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက သူတို့စုံတွဲလေးက Idol Couple လို့တောင် သတ်မှတ်အားပေးကြတာ ဖြစ်ပါတယ်။

သူတို့ချစ်သူနှစ်ဦးက သီချင်းလေးတွေ အတူတူ ပူးပေါင်းဖန်တီးလေ့ရှိသလို သူတို့စုံတွဲလေးရဲ့ "အကယ်၍လက်ထပ်ဖြစ်ခဲ့ရင်" ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ အတော့်ကို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အခုလည်း သူတို့စုံတွဲလေးက City FM ရဲ့ ၁၇ နှစ်ကြိမ်မြောက် ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဖြူရောင်ဝတ်စုံလေးတွေ ကိုယ်စီနဲ့ ပွဲတက်လာခဲ့တဲ့ သူတို့ချစ်သူနှစ်ဦးကတော့ အရမ်းကို လိုက်ဖက်ညီနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ " City Fm 17th anniversary Award music Show '' ပွဲလေးကို တက်ရောက်လာတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ G Fatt နဲ့ နန်းဆုတို့စုံတွဲက နေနဲ့လ ရွှေနဲ့မြလို တင့်တယ်နေခဲ့ပါတယ်။ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး အမိုက်စားပွဲတက်ဖက်ရှင်တွေနဲ့ တက်ရောက်လာခဲ့တဲ့ သူတို့နှစ်ဦးကိုတော့ အားလုံးကငေးမောခဲ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းဆုတို့စုံတွဲလေးရဲ့ ကြည်နူးစရာ ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nansu Yati Soe;

photo:credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။