ပရိသတ်တွေကြားမှာ လတ်တလောရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ " ထာဝရထက်နှစ်ဆ " ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ကောင်တွေကိုမိတ်ဆက်တဲ့အချိန်ကတည်းကစပြီး နာမည်ကျော်ဘောလိဝုဒ်ဇာတ်ကားတစ်ကားနဲ့ ဆင်တူတယ်ဆိုပြီး ပရိသတ်ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Drama ဇာတ်ကားတစ်ကားဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို အပြည့်အဝဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်ဆိုတာ အသေအချာပါပဲ။

နောက်အပတ် သောကြာ 18.1.2019 မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး ပရိသတ်တွေကတော့ အပြတ်အသတ်အားပေးဖို့ကို စောင့်ဆိုင်းနေကြပါပြီ။ ဒီဇာတ်ကားကြီးမှာဆိုရင် အဓိကသရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီမြင့်မြတ်နဲ့၊ ရွှေမှုံရတီတို့က သရုပ်ဆောင်ထားကြပြီး ရွှေမှုံရဲ့ညီမဖြစ်သူ ငွေမှုံကလည်း ပါဝင်အားဖြည့်ထားတာကိုတွေ့ရပါတယ်။ ဒါရိုက်တာကလည်း ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ညွှန့်မြန်မာ ညီညီအောင်က ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်သဘောကျမယ့် ဇာတ်ကားကောင်းလေးဖြစ်မယ်ဆိုတာ အသေအချာပါပဲ။

လတ်တလောမှာတော့ ဘောလိဝုဒ်အကျော်အမော်ဇာတ်ကားတစ်ကားနဲ့ ဆင်တူတယ်ဆိုတဲ့ ဝေဖန်ချက်တွေရှိနေပေမယ့် အားပေးမယ့် ပရိသတ်တွေကလည်း ရုံတင်မယ့်ရက်ကို အဆင်သင့်စောင့်နေကြတာပဲဖြစ်ပါတယ်။ တကယ်ကိုခံစားချက်ရသတွေ အပြည့်အဝဖန်တီးပေးမယ့် ဒီ " ထာဝရထက်နှစ်ဆ " Drama ဇာတ်ကားကောင်းလေးကို လာမယ့် 18 ရက်နေ့မှာ အားပေးလိုက်ကြပါဦး ပရိသတ်ကြီးရေ။

Photo - ထာဝရထက်နှစ်ဆ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။