လူ့လောကကြီးကို စိ်တ်ကုန်လို့ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ နည်းပညာတက္ကသိုလ်က ကျောင်းသား

စာချန်ခဲ့ပြီး စာထဲမှာ အဖေနဲ့အမေကိုဂရုစိုက်ဖို့မှာသွားပါတယ်။

တောင်ငူမြို့နယ် မြို့သစ် ၁၂ ရပ်ကွက် ရွှေမြင့်မိုလ်အဆောင်နေ နည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်းသားတစ်ဦး ဟာအဖေနဲ့အမေကိုဂရုစိုက်ဖို့မောင်နှမတွေကို စာရေးခဲ့ပြီး နောက် ကြိုးဆွဲချသေဆုံးသွားတယ်လို့ တောင်ငူမြို့ မြို့သစ်ရဲစခန်းကသိရပါတယ်။

မတ်လ ၁ရရက်နေ့နံနက် ၅နာရီကသူ့အလောင်းကိုရဲတပ်ဖွဲ့ကတွေ ့ရှိခဲ့တယ်လို ့သိရပါတယ်။ ‘ကျွန်တော်တို့သွားရောက်စစ်ဆေးတဲ့အခါမှာ ကျောင်းသားက အဆောင်နောက်ဘေးမှာရှိတဲ့ အုတ်ကန်ဘေးမှာ သုံးလိမ်ပလတ်စတစ်ကြိုးနဲ့ ကြိုးဆွဲချသေဆုံးနေတာကိုတွေ့ရပါတယ်။

သူရေးခဲ့တဲ့သူမိသားစုကိုပြောပြထားတဲ့စာတစ်စောင်ကိုလည်းတွေ့ရပါတယ်’လို့ မြို့သစ်ရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ တတိယနှစ်ကျောင်းသားက အသက် ၂၀ ပဲနွယ်ကုန်းမြို့ဇာတိဖြစ်ပြီးတောင်ငူမြို့နည်းပညာတက္ကသိုလ်ကျောင်းမှာအဆောင်နေပြီးကျောင်းတက်နေတယ်လို့လည်းသိရပါတယ်။

လူလောကမှာ အသက်မရှင်ချင်တော့ဘူး။ နောက်ဘဝမှာမိသားစုနဲ့ပြန်လည်ဆုံတွေ့ရရင်မိဘကျေးဇူးကိုဆပ်ချင်ပါတယ်လို့လည်းပြောသွားပါတယ်။

အကိုတွေ ညီမတွေကလည်းအဖေနဲ့အမေကိုဂရုစိုက်ဖို့တွေစာရေးခဲ့တယ်လို့လည်းမြို့သစ်ရဲစခန်းကသိရပါတယ်။ သေဆုံးသွားတဲ့ တတိယနှစ်ကျောင်းသားကစာလည်းတော်တယ် အသောက်အစား လောင်းကစားလည်းရှင်းတယ် ရည်းစားလည်းမရှိဘူး တစ်ယောက်ထဲအေးအေးဆေးဆေးနေတတ်သူတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။