ပရိသတ်များက အေးသောင်း လို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးအေးဝတ်ရည်သောင်းဟာဆိုရင် ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်မှုနဲ့ ဆွဲဆောင်မှုရှိလှပရုံတင်မက မြန်မာရိုးရာ ဝတ်ဆင်မှုနဲ့ပါ ကျက်သရေရှိလိုက်ဖတ် ကြောင်းကို ပရိသတ်ကြီးတို့အနေနဲ့ အစဉ်အမြဲ ရှုမြင်ခံစားရခဲ့ရတာဖြစ်ပါတယ်။ ခန္ဓာကိုယ် အချိုးအစားညီညာပြေပြစ်လှပတဲ့အတွက်ကြောင့် အမျိုးသားပရိသတ်ဝန်းရံအားပေးမှုသာမကပဲ အမျိုးသမီးပရိသတ်တွေက ချစ်ခင်အားပေးလျှက်ရှိတာကို ပရိသတ်တို့အနေနဲ့ မုဒိတာပွားဖွယ် မြင်တွေ့ရမှာပါ။

တစ်ခေတ် တစ်ခါ မြန်မာ့ဗီဒီယိုရုပ်ရှင်လောက စတင်ပေါ်ပေါက်ကတည်းက ပရိသတ်လက်ခံအားပေးခဲ့တဲ့ မင်းသမီးအေးဝတ်ရည်သောင်းဟာဆိုရင် ယခုအချိန်ထိ အပျိုကြီးဂုဏ်ကို ထိန်းသိမ်းထားတာဖြစ်ပြီး နုပျိုလှပဆဲဖြစ်ပါတယ်။ ရင်ခွင်ရှင်းတမ်း ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် ရိုက်ကူးသရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ ပြည်လုံးကျွတ် အားပေးခဲ့ကြတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အချစ်တော် မင်းသားနေတိုးရဲ့ ဇနီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာကိုပရိသတ်ကြီးအနေနဲ့ ရင်သတ်ရှုမောဖွယ်တွေ့မြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။

မအေးသောင်းဟာဆိုရင် သူမရဲ့ အလှပုံရိပ်တွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ faceobook စာမျက်နှာပေါ်တွင် ချစ်ပရိသတ်တို့ ဝေမျှပေးနေကြဖြစ်ပါတယ်။ အမူအရာ သရုပ်ဆောင်ပီပြင်လွန်းသူဖြစ်ပြီး ချစ်စနိုးဖွယ်ပြောဆိုဟန်တွေကြောင့် ချစ်ခင်အားပေးနေတယ်လို့ ပြောရင်မှားမယ်မထင်ပါဖူးနော်။ အခုတစ်ခါမှာဆိုရင် လည်း ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ စီးတီး အက်ဖ်ဟမ် (၁၇) နှစ်မြောက် ဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ သူမဲ့ အလှပုံရိပ်တွေကို သူမရဲ့ facebook ပေါ်တွင် "မနေ့ညက စီးတီး အက်ဖ်အမ်မ်ပွဲသွားခဲ့တယ်လေ" ဆိုတဲ့ စာသားလေးနဲ့အတူ ဖော်ပြခဲ့တာဖြစ်ပြီး ပရိသတ်တို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

source Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။