ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောတစ်ဦးဖြစ်တဲ့ မယ်လိုဒီကတော့ သားဦးလေးမွေးဖွားပြီးနောက်ပိုင်း တစ်သားမွေးတစ်သွေးလှနေတဲ့ ပြည်သူ့အချစ်တော်ပဲ ဖြစ်ပါတယ်..။

ရိုးအေးပြီး ကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီကတော့ မိသားစုနဲ့ သားလေးကို အချိန်ပေးဖြစ်နေသလို ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို မလစ်ဟင်းအောင် ကြိုးစားလုပ်ဆောင်နေသူလေးပါပဲ..။

အခမ်းအနားတော်ောတ်များများကို တက်ရောက်ဖြစ်နေတဲ့ မယ်လိုဒီကတော့ ပြီးခဲ့တဲ့ဇန်နဝါရီ(၁၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ City FM ရဲ့ (၁၇)နှစ်ပြည့် နှစ်ပတ်လည်ပွဲလေးကိုလည်း ခင်ပွန်းဖြစ်သူနဲ့အတူ တက်ရောက်လာခဲ့တာ တွေ့ရပါတယ်..။

ဟော့ရှော့မဝတ်ရဲတဲ့ မင်းသမီးချောသူမကတော့ City FM ရဲ့ နှစ်ပတ်လည်ပွဲလေးကို ခပ်လန်းလန်းအမိုက်စားပုံရိပ်လေးတွေနဲ့ တက်ရောက်လာခဲ့ပြီး ရှိုးတိုးရှန်းတန်းနဲ့ ဂနာမငြိမ်ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်..။

“ပုံတုးံကြီးလည်းမဖြစ်စေချင်(မိတ်ကပ်ဆရာက)

ဟော့ရှော့လဲမဝတ်ရဲ(မင်းသမီး)

အမိုက်စားဂါဝန်ဝတ်ထားပြီး ရှိုးတိုးရှန်းတန်း

ဂနာမငြိမ် အချစ်ပေါ့မှာကြောက်ကာ ယောက်ယက်ခက်

ဘာဘဲပြောပြော လှစေချင် ငယ်နုစေချင်လို့ ကူညီကြိုးစားပေးကြတဲ့ အယောက်စီတိုင်း အပြစ်မမြင်ချစ်ခင်ကြတဲ့အယောက်စီတိုင်း ကျေးဇူးပါရှင်..” ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ရေးသားပြောပြထားပါသေးတယ်..။

ခပ်လန်းလန်း အဖြူရောင် Evening Gown ဂါဝန်ဝတ်စုံလေးနဲ့ ကျော့ရှင်းလှပစွာဝတ်ဆင်ပြီး ခင်ပွန်းဖြစ်သူရဲ့ လက်ကိုတွဲကာ ပွဲတက်လာတဲ့ မယ်လိုဒီရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo - မယ်လိုဒီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။