အကယ်ဒမီ မင်းသမီးချောဖွေးစိန်လေးနဲ့အတူ "ရည်းစားတဝမ်းကွဲ" ရုပ်ရှင်ပြီးတဲ့နောက် ဦးဦးစိုင်းစိုင်းကို နောက်ထပ် ရုပ်ရှင်ပိတ်ကားထက်မှာ မြင်တွေ့ရဖို့ ပရိသတ်များ မျှော်လင့်နေမယ်လို့ ထင်ပါတယ်။ မကြာသေးခင်ကလည်း (၁၇) ကြိမ်မြောက်စီးတီး FM ရဲ့ ဂီတဆုပေးပွဲမှာ ရောင်းအားအကောင်းဆုံး စတူရီယိုတေးစီးရီးသီဆိုသူ အမျိုးသားဆု နဲ့ ရောင်းအားအကောင်းဆုံး စတီရီယို တေးစီးရီး ထုတ်လုပ်သူဆု ရရှိထားတဲ့ ဦးစိုင်းကတော့ ရတူအဆက်ဆက် အနုပညာမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့သူပါ။

"ရည်းစားတဝမ်းကွဲ" ရုပ်ရှင်ပြီးတဲ့နောက် ဖွေးစိန်လေးနဲ့အတူ နောက်ထပ်မြင်တွေ့ရဦးမဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ "ကြာတော့သည်လည်းမောင့်စကား" ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး (၁၉၉၇) ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာရေးဆရာမဂျူးရဲ့ ဝတ္ထုစာအုပ်ကို ပြန်လည်အသက်သွင်းမှာ ဖြစ်ပါတယ်။ တင်တင်ဇော်၊ နန္ဒနဲ့ ဖြိုးကျော်တို့ သူငယ်ချင်း(၃) ယောက်ရဲ့ (၃) ပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာ ဖွေးက တင်တင်ဇော်၊ ဖြိုးကျော်အဖြစ် ထွန်းထွန်း၊ ဦးစိုင်းကတော့ တင်တင်ဇော်နဲ့ ဖြိုးကျော်တို့ ရဲ့ ငယ်သူငယ်ချင်း (၂)ဦးကြားမှာ ကြားဝင်လာတဲ့ နန္ဒ ဆိုတဲ့ ဥစ္စာပေါရုပ်ချော ခပ်ဆိုးဆိုး၊ မုန်းစရာကောင်းတဲ့ ဇာတ်ကောင်နဲ့ လူကြမ်းလေး အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

" တကယ်လိုချင်တဲ့ အရာဆိုရင် ဘယ်သူ့ကိုမှ အားနာနေမှာ မဟုတ်ဘူး။ ရအောင်ယူမှာ၊ မင်းလိုတော့ ကောက်ရိုးပုံစောင့်ပြီး မဲမဲမြင်ရာ လိုက်ဟောင်နေမှာ မဟုတ်ဘူး "ဆိုတဲ့ တဇွတ်ထိုးစိတ်တွေနဲ့ အတူ တင်တင်ဇော်ရဲ့ အချစ်ကို ချစ်တယ်မပြောပဲ ဘယ်လိုရယူခဲ့လဲ ဆိုတာ ကို ဝတ္ထုဖတ်ရှူသူ တွေအနေနဲ့သိမြင်ခဲ့ပြီးဖြစ်သော်လည်း ဒီရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည် အသက်သွင်းချိန်မှာ ဘယ်လိုမြင်တွေ့ရလဲဆိုတော့ ပရိသတ်များ ဇန်နဝါရီလ(၁) ရက်နေ့မှာ သွားရောက်ကြည့်ရှူအားပေးကြပါဦးနော်။

source :ကြာတော့သည်လည်း မောင့်စကား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။