Kristen Stewart ဟာ သူမရဲ့ အချစ်သစ် ကောင်မလေး Sara Dinkin နဲ့အတူ ချွေးထွက်အောင် GYM ကစားခဲ့ပါတယ်။ သူတို့ဟာ အခုမှာ ချစ်ခြင်းကိုစတင်နေတာပါ။ ဒါပေမဲ့ ခုရက်ပိုင်တွေနဲ့ အချိန်တော်တော်များများမှာ သူမဟာ အချစ်သစ် Sara နဲ့အတူတူ ခွဲထုတ်မရသလို တစ်ပူးပူးတွဲတွဲ နဲ့ ဖြစ်နေတာကိုတွေ့ရှိရပါတယ်။ အသက်၂၈နှစ်ရှိပြီဖြစ်တဲ့ Kristen နဲ့ သူမရဲ့ အလှဖန်တီရှင်ကနေ ချစ်သူဖြစ်လာတဲ့ Sara နဲ့ သောကြာနေ့မှာ ဂျင်အတူတူကစားခဲ့ပါတယ်။  

Twilight Star Kristen ဟာ သူမရဲ့အရင်ကောင်မလေး Supermodel Stella Maxwell နဲ့ 2016 မှာကတည်းကတွဲခဲ့ပြီး November လမှာလမ်းခွဲခဲ့ကာ တစ်ပတ် နှစ်ပတ်အကြာမှာပဲ ခုလက်ရှိအချစ်သစ် Sara နဲ့တွဲနေတယ်ဆိုတာကို public ချပြခဲ့ပါတယ်။ Maxwell ဟာဆိုရင် Kristen ရဲ့ Realtionship အသစ်နဲ့ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပါတယ်။ ချစ်သူဟောင်းနဲ့ပြတ်တာ မကြာသေး နောက်တစ်ယောက်နဲ့တွဲနေတာကို public ချပြတယ်ဆိုတော့ ချသ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ စိတ်ထဲတော့ ထောက်ကြမှာပဲ။

" သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တွဲနေကြတာကို အချိန်အတိုင်းအတာတစ်ခုလောက်ထိ လူသိရှင်ကြာ မပြသင့်ဘူး.....Kristen ဟာ သူကိုသူ ခုလိုမလုပ်သင့်ပါဘူး.....Sara နဲ့တွဲနေတယ်ဆိုတာ public ချပြဖို့ဆုံးဖြတ်ချက်က မြန်လွန်တယ် " လို့ အတွင်းသတင်းသမားတစ်ယောက်ကပြောခဲ့ပါတယ်။ Twilight မင်းသမီး Kristen ဟာ Twilight မင်းသား Robert Pattinson နဲ့ ၂၀၀၉ ကနေ ၂၀၁၃ ထိတွဲခဲ့ပြီးနောက် Saturday Night Live အစီအစဉ်မှာ gay တစ်ယောက်ဖြစ်ကြောင်း ဖွင့်ပြောခဲ့ပါတယ်။ 

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။