ဒီနှစ်၂၀၁၉ဘောလုံးရာသီမှာတော့မြန်မာအသင်းရဲ့လက်ရွေးစင်ကမားသမားတော်တော်များများဟာ ထိုင်းပရီးမီးယားလိဒ်ကိုထွက်ပြီးကစားနေကြတာပါ။ထိုင်းပရီးမီးယားလိဒ်ရဲ့ အာစီယံကစားသမားခေါ်ယူခွင့်တွေေကြောင့် ထိုင်းကလပ်အသင်းတွေက မြန်မာကစားသမားတွေကိုမျက်စိကျနေတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့ နာမည်ကြီးကစားသမားတွေကတော့ထိုင်းထိပ်သီးကလပ်တွေနဲ့ ဒုတိယတန်းကလပ်တွေကိုရောက်ရှိနေပြီဖြစ်ပါတယ်။

ထိုင်းပရီးမီးယားလိဒ်ဟာ အာစီယံဒေသပအတွင်းမှာပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်မြန်မာကစားသမားတွေအနေနဲ့ပွဲထွက်ခွင့်ရဖို့ကို ကြိုးစားရတော့မှာဖြစ်ပါတယ်။ထိုင်းပရီးမီးယားလိဒ်ဟာမကြာခင်ကျင်းပတော့မှာဖြစ်တာကြောင့် ထိုင်းကလပ်တွေဟာခြေစမ်းပွဲတွေကစားပြီးလူသစ်တွေနဲ့အံဝင်အောင်ကြိုးစားလေ့လာနေကြတာဖြစ်ပါတယ်။ 

ခြေစမ်းပွဲတွေကစားနေကြတဲ့ကလပ်တွေထဲမှာ ပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်မှာကတော့ပရိသတ်အချစ်တော်နှစ်ယောက်ပါဝင်တဲ့ အသင်းတွေခြေစမ်းတော့မှာဖြစ်ပါတယ်။မြန်မာအသင်းရဲ့အဓိကတိုက်စစ်မှူးတွေလို့ဆိုရမယ့် အောင်သူပါဝင်တဲ့ မြောင်တောင်ယူနိုက်တက်အသင်းနဲ့သန်းထက်အောင်ကစားမယ့်ဆာမက်ခွန်အသင်းတို့ခြေစမ်းတော့မှာဖြစ်ပါတယ်။အဆိုပါပွဲကတော့ မြန်မာကစားသမားနှစ်ယောက်မိမိအသင်းအနိုင်ရဖို့ကြိုးစားရမှာဖြစ်တာကြောင့်သူတို့နှစ်ယောက်ရဲ့ခြေစမ်းပွဲလေးကို၁၆ရက်နေ့ည၆နာရီမှာပရိသတ်တွေ အားပေးကြပါဦးနော်။

SOURCE:Samutsakhon Fc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။