စပိန်နိုင်ငံအတွင်းကတော့ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်နေ့က ဆန္ဒပြတောင်းဆိုမှုတွေဖြစ်ပေါ်ခဲ့တယ်။

၎င်းဆန္ဒပြပွဲက ဆန္ဒပြသူတွေဟာ လူပေါင်း အယောက် ၇ သောင်း ၆ ထောင်လောက်ရှိခဲ့တယ်လို့လည်းသိရပါတယ်။  

သူတို့တွေဟာ လက်နက်ကိုင် ခွဲထွက်ရေး အုပ်စုဟောင်း ETA နဲ့ ပတ်သက်တဲ့ ထောင်သားတွေကို ဘတ်စ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ နီးတဲ့ ထောင်တွေဆီ ရွှေ့ပြောင်းပေးဖို့အတွက် ဆန္ဒထုတ်ဖော်ခဲ့တာပါ။

စပိန်အစိုးရဟာဆိုရင်လည်း ETA အဖွဲ့ဝင် ထောင်သားတွေကို ဆွေမျိုးတွေ သွားရောက် တွေ့ဆုံဖို့ ခက်ခဲအောင် မူရင်းဒေသနဲ့ ကီလိုမီတာ ရာချီဝေးတဲ့ နေရာတွေမှာ အကျဥ်းချထားဖို့ မူဝါဒ သတ်မှတ် ထားတာကြောင့် အခုလိုဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ 

င်း ETA အဖွဲ့ဟာဆိုရင်လည်း လွတ်လပ်တဲ့ ဘတ်စ်ကာနိုင်ငံ ထူထောင်ရေး ကြိုးစားတဲ့ နှစ်လေးဆယ်ကြာ ပဋိပက္ခအတွင်း လူအယောက် ၈ ရာကျော်ကို သတ်ဖြတ်ခဲ့သလို ထောင်နဲ့ချီတဲ့ လူတွေကိုပါ ဒဏ်ရာရစေခဲ့တာကြောင့် စပိန် ရှေးရိုးစွဲဝါဒီတွေနဲ့ ETA တွေရဲ့ ဓားစားခံတချို့က တောင်းဆိုချက်ကို ခါးခါးသီးသီး ငြင်းဆိုထားကြတယ်လို့သိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။