ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ တောက်ပလာဦးမယ့် ကြယ်ပွင့်လေးတွေဖြစ်တဲ့ သူရိယနဲ့ဆုအိမ့်စံတို့ အတွဲလေးကတော့ နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်လို့ အနုပညာလှုပ်ရှားမှုတွေကို အတူတူ တွဲလုပ်နေတာပဲဖြစ်ပါတယ်။သူရိယက အရင်တုန်းက စိန်ဘယက် ကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ယခုမှသာ အနုပညာအလုပ်တွေကို ကြိုးကြိုးစားပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်။

သူရိယက တက်သစ်စမင်းသမီးလေးဖြစ်တဲ့ ဆုအိမ့်စံနဲ့ မေတ္တာမျှနေကြပြီး တစ်ခြားလူတွေ အားကျစေရမယ့် relationship တစ်ခုကို တည်ဆောက်ထားကြပါတယ်။နှစ်ယောက်လုံးက ဟာသ ဗီဒီယိုလေးတွေကိုလည်း အတွဲညီညီနဲ့ ရိုက်ပြီး ပရိတ်သတ်တွေကို အပျော်တွေဝေမျှနေကြဖြစ်ပါတယ်။နှစ်ယောက်လုံးက လိုက်ဖက်ညီပြီး တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ ဘယ်သွားသွားမခွဲပါပဲနော်။

သူရိယနဲ့ဆုအိမ့်စံ ပါဝင်သရုပ်ဆောင်ထားတဲ့ သရဲသင်္ဘော ရုပ်ရှင်ဇာတ်ကားလေးဟာဆိုရင် ပရိတ်သတ်တွေက အားပေးချင်လွန်းလို့စောင့်မျှော်နေပါပြီနော်။သရဲသင်္ဘောရုပ်ရှင်ဇာတ်ကားရဲ့ press show မှာ သူရိယနဲ့ဆုအိမ့်စံက we love အဖွဲ့သားတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ပရိတ်သတ်တွေရဲ့ အနမ်းကိုလည်း ကြည်ဖြူစွာ ခံယူရင်း ပရိတ်သတ်တွေပေးတဲ့ နှင်းဆီပန်းတွေနဲ့အတူ သူတို့နှစ်ယောက်က အရမ်းကို ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။

Source:Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။