မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ကျော်ကြားအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး ပရိသတ်တွေအပေါ်မှာလည်း ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတတ်တာကြောင့် အားလုံးက ဝိုင်းချစ်နေရသူလေးလည်း ဖြစ်ပါတယ်။ သားတစ်ယောက် ၊ သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ မေမေသက်မွန်မြင့်က အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

လတ်တလောမှာတော့ ချစ်သက်က ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရပြီး ဆိုင်ဖွင့်ပွဲအခမ်းအနားလေးတွေလည်း တက်ရောက်နေရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကတော့ ချစ်သက်က ဒီဇိုင်နာမပုံ့ရဲ့ "Zoey" ဆိုင်သစ်ဖွင့်ပွဲကို အမိုက်စားဖက်ရှင်နဲ့ ပွဲတက်ခဲ့ပါတယ်။ သား၊သမီးလေးတွေကို အသက်လောက်ချစ်တဲ့ မေမေသက်မွန်က အခုလည်း သားလေးရဲ့အဖြေတစ်ခုကြောင့် ရယ်ရခက် ငိုရခက်နဲ့ အချစ်ပိုခဲ့ရပြန်ပါတယ်။

သက်မွန်က "အားချစ်ကို မေးတယ်..မေမေ မရှိတော့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ မေမေ့ထက်ချောတဲ့သူကို မေမေတော်လိုက်မှာပေါ့တဲ့ အရမ်း ချစ်ဖို့ကောင်းတဲ့ သားနော် ဟွန်း ဒီလို ချစ်စရာကောင်းတဲ့ သားတွေ သမီးတွေနဲ့ တနေ့တနေ့ ဘယ်လိုအချိန်ကုန်မှန်းမသိဘူး.. ညနေကျရင်တော့ မွန့် Sweet Child of TN&TM Page ကနေ live လွှင့်ပေးမယ်နော်..ကံစမ်းမဲ မဖောက်ပေးရသေးဘူး ဟီးးးး အားချစ်ကို မဲနှိုက်ခိုင်းလိုက်မယ်နော် " ဆိုပြီး သူမတို့သားအမိနှစ်ယောက်ရဲ့ဖြစ်ပုံကို ပြောပြထားတာ ဖြစ်ပါတယ်။ အားချစ်လေးကတော့ အခုဆိုရင် အရမ်းကို စကားတတ်တွေတတ်နေတာ တွေ့ရပါတယ်။

Source:Thet Mon Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။