အကယ်ဒမီဆိုတာ အပိုဆုတစ်ခုဘဲလို့ ပြောလိုက်တဲ့ သက်မွန်မြင့်

ပရိတ်သတ်တွေ မချစ်တော့ရင်သာ အနုပညာသမားတစ်ယောက်ရဲ့ဘဝကပြောင်းလဲသွားမှာပါတဲ့

သက်မွန် တွက် အကယ်ဒမီဆိုတာ အပိုဆုတစ်ခုပါ

ကိုယ်ဘယ်လောက် လုပ်နိုင်စွမ်းလဲဆိုတာ ပရိတ်သတ်တွေ ထုတ်လုပ်သူ ဒါရိုက်တာတွေ ကျေနပ်မှ ဆက်ရပ်တည်လို့ရပါမယ်

အကယ်ဒမီဆိုတဲ့ ထူးချွန်ဆုရရင်တော့ အတိုင်းမသိပေါ့

ဒါမယ့် အကယ်ဒမီ ရမှ ကားရိုက်ရမှာ မဟုတ်ပါဘူး

ဘဝရဲ့ မှတ်တိုင်တစ်ခု စိုက်ထူန်ိုင်တယ်ဆ်ိုတဲ့ မှတ်တမ်းကလွဲပြီး ဘာမှမပြောင်းလဲသွားပါဘူး

ပရိတ်သတ်တွေ မချစ်တော့ရင်သာ အနုပညာသမားတစ်ယောက်ရဲ့ဘဝကပြောင်းလဲသွားမှာပါ..

ဒီနှစ်မှာဆိုလည်း ပရိတ်သတ်တွေ ရင်ထဲ အားပေးချစ်ခင်မှု အရှိန်အဟုန်ပြင်းပြင်းတိုးဝင်ခဲ့ပြီးတဲ့နောက် အရမ်းကျေနပ်နေပြီးသားပါ..

ကိုယ့်ကို ချစ်ခင်အားပေးတဲ့သူတွေ ရစေချင်တဲ့သူတွေ ဆန္ဒပြည့်စေချင်ပေမယ့် မရလည်း ဘာမှ မဖြစ်ပါဘူး.. ရှေ့လျှောက်ဖို့ အင်အားတွေပြည့်ဝနေပြီးသားပါလို့ သက်မွန်မြင့်က သူ့ page

မှာရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။