ပရိသတ်တွေရဲ့ သရုပ်ဆောင်အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ အပြည့်အ၀ ရရှိထားတဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်ကိုသိကြပြီးပြီဖြစ်မှာပါ။ လူငယ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ပရိတ်သတ်အများအပြားအားပေးမှုကိုလက်ခံရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး သွန်းဆက် ကိုလည်းသိကြမယ်ထင်ပါတယ်။ သူတို့နှစ်ဦးဟာ ဇာတ်လမ်း ဇာတ်ကားပေါင်းများစွကို အတွဲညီညီ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ အခုဆိုရင်လည်း သူတို့နှစ်ဦးပါဝင် သရုပ်ဆောင်ထားတဲ့ သရဲသင်္ဘောရုပ်ရှင်ဇာတ်ကားကြီးထဲ ကအမှတ်တရကို ပျော်ရွှင်ဝမ်းသာစွာ ပြောပြထားတာကို ပရိသတ်ကြီးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

သရုပ်ဆောင် ညီထွဋ်ခေါင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ပျော်ပျော်နေတတ်တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ပရိသတ်အချစ်တော် မင်းသမီလေးဖြစ်တဲ့ သွန်းဆက်ကတော့ မော်ဒယ်မလေးတစ်ယောက်လည်းဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ ရုပ်ရှင် ဗီဒီယိုတွေကိုသာအဓိကထားပြီးရိုက်ကူးလာတာကိုတွေ့ရမှာပါ။ နှစ်ယောက်သားပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ထားပါသေးတယ်။  

မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့သွန်းဆက်ဟာ လတ်တလောမှာတော့ ဒီဇာတ်ကားရုံတင်ဖို့ရှိနေတဲ့အပြင် နောက်ထပ်ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုဖြစ်တဲ့ ရင်ခွင်ရှင်းတန်း ရုပ်သံဇာတ်လမ်းတွဲကိုလည်းပါဝင်ရိုက်ကူးထားပါသေးတယ်။ သူတို့နှစ်ယောက်ရဲ့ရိုက်ကူးတုန်းက အတွဲ့အကြုံတွေကိုလည်း အခုလိုပြောပြလာပါတယ်။ "သရဲကားကြီးဖြစ်တယ်ဆိုပင်မဲ့ ရယ်စရာ ဟာသလေးတွေနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်"၊ "တစ်ချို့ခန်းတွေဆိုရယ်ရလွန်းလို့ မျက်နှာပိုးသတ်ပြီး ရိုက်ကူးခဲ့ပါတယ်။ "ဇာတ်လမ်းမြှုပ်ကွက်တွေနဲ့ ဇာတ်သိမ်းပိုင်းဟာဆိုရင် ထင်ထားတာထက် ပိုတောင်ကောင်းနေပါတယ်"၊ " ထထ အော်ဖြစ်တာက ကျွန်တော်က ရယ်ရတဲ့ ကားလည်း ကြောက်တာပဲ" ဆိုပြီး သရုပ်ဆောင် ညီထွဋ်ခေါင် ဖွင့်ဟပြောဆိုထားပါတယ်။ မင်းသမီး သွန်းဆက်ကတော့ "ယောင်္ကျားလျာ ကာရိုက်တာ အတွက် မောင်လေးရဲ့ ဂျာကင်လေး ခိုးထည့်လာတယ်" လို့ဖွင့်ဟဝန်ခံထားတဲ့ interview ကို myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်။

source Mltv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။