လူတော်တော်များများဟာ ကော်ဖီရဲ့အရသာကို မကြိုက်ကြပါဘူး.....အာ့ဆိုသူတို့ဘယ်လိုဟာမျိုးကိုကြိုက်ကြမလဲ။ သူတို့က ကော်ဖီအနည်းငယ်နဲ့ သကြားများများနဲ့ နို့ဆီလေးထည့်ပြီး သောက်လိုက်ရမှ အရသာတွေ့သွားတက်ကြတယ်။ အကယ်၍များ သင်ဒါမှမဟုတ် တစ်စုံတစ်ယောက်ကများ Black Coffee ရဲ့အရသာကို အကြိုက်တွေ့သွားမယ်ဆိုရင်တော့ အာ့ကအရမ်းကို စိတ်လေးခြင်းရဲ့ လက္ခဏာပါပဲ။ အဲ့လိုခါးသီးတဲ့ အရည်ကိုကြိုက်တာထက်ပိုလာမယ်ဆိုရင်တော့ သင်ဟာစိတ်ဝေဒနာရှင်ဖြစ်လာနိုင်တဲ့ လက္ခဏာပါပဲ။ 

Austria မှာရှိတဲ့ သုတေသနပညာရှင်တွေဟာ ကော်ဖီ ဒါမှမဟုတ် လူကိုတက်ကြွနိုးကြားစေနိုင်တဲ့ အရည်တွေနဲ့ပတ်သတ်လို့ စိတ်ဝေဒနာရှင်ဖြစ်နိုင်လားဆိုတာကို သုတေသနပြု လုပ်ခဲ့ကြပါတယ်။ လူတစ်ယောက်ယောက်က black coffee ဖြစ်ဖြစ်ကော်ဖီတမျိုးမျိုးထဲကို သကြာများများထည့်ပြီးသောက်ရင် စိတ်ကလန်းဆန်းသွားနိုင်ပါတယ်။ အဲ့နောက်မှတော့ လူမှုရေးနဲ့ပတ်သတ်တဲ့ စမ်းသပ်မှုတွေလုပ်တဲ့ချိန်မှာ အဲ့လူဟာ စိတ်ဝေဒနာရှင်တစ်ယောက်လို့ လက္ခဏာတွေပြခဲ့ပါတယ်။ တော်တော်ကို ဒေါသတကြီးဖြစ်ကာ ကမူရှူးထိုးတွေ ဝုန်းဒိုင်းကြမ်းပါတော့တယ်။

ဘာကြောင့်များလဲ....တော်တော်ကိုနားလည်ဖို့ခတ်ခဲပါတယ်။ ဒါပေမဲ့ အဲ့လိုဖြစ်ရခြင်းက အခါးသက်သက်အရည်ကြောင့် တခြားသူကို စိတ်ထဲမနှစ်လိုဖွယ် ဖြစ်ပေါ်လာတာပါ။ အဲ့လိုခါးသက်သက်အရသာတွေက သင့်ကို စိတ်ဝေဒနာရှင်ဖြစ်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဒါဟာ သင်မထင်မှတ်ထားတဲ့နည်းလမ်းကနေ စိတ်ကိုဖောက်စေပါတယ်။ ကော်ဖီအပြင် ဘီယာ တွေ အရက်တွေဟာလဲ သင့်ကိုမထင်မှတ်လောက်အောင် စိတ်ကိုဖောက်စေပါတယ်။ အာ့ကြောင့် သင်ဟာ နေ့လည်စာ ဒါမှမဟုတ် ညစာစာတိုင်းမှာ ဂျင်နဲ့နို့အေးကို သောက်သုံးသင့်ပါတယ်။ 

Source : Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။