အဆိုတော်၊ဒါရိုက်တာ၊သရုပ်ဆောင် ယုန်လေးကတော့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ယုန်လေးကို မင်းသားတစ်ဦးအဖြစ်လည်း ပရိသတ်တွေက လက်ခံအားပေးလာကြပြီး ရုပ်ရှင်ကားကြီးတွေမှာလဲ ပီပြင်တဲ့အိုက်တင် သရုပ်ဆောင်ချက်တွေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

ယနေ့မှာတော့ ပရိသတ်တွေအားပေးချစ်ခင်ခဲ့ရတဲ့ ယုန်လေးတစ်ယောက် ထောင်ဒဏ် ၁၁နှစ်ကျခံခဲ့ရတဲ့ အဆိုတော်ရသကို သတိရလွန်းလို့ အတူတူပျော်ရွှင်ခဲ့ကြတဲ့ ဗီဒီယိုလေးတင်လိုက်ပါတယ်။ အဆိုတော်ရသကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက မန္တလေးမြို့မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၁ နှစ်ကျခံခဲ့ရ တာဖြစ်ပါတယ်။  

ယုန်လေးကတော့ " သတိရတယ် ရသ ရယ် .မနှစ်က ကိုယ့်သမိုင်းလက်မှတ်ထိုးပွဲ လူတွေကုန်တဲ့အထိရုံတဲ့ ဝင်ပြီးတဲ့ အထိ ပရိတ်သတ်အတွက်နေပေးခဲ့ပါတယ် Ice Cold က အားလုံးကို လိုက်နောက်နေတာ .အစ်ကို တစ်ပုံလောက်ဆိုတော့ မင်းIce Cold လားတဲ့ ဘေးကဝိုင်းပြောမှသိတယ် . Ice Cold မှန်း .ကိုယ်သမိုင်း ၂ လည်းနောက် ၂ပတ်လောက်လို MAHAR မှာကြည့်လို့ရပါပြီ . " ဆိုပြီး ဗီဒီယိုလေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။

SOURCE: Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။