၂၀၁၅ ခုနှစ် မြန်မာယူ -20 အသင်းမှတစ်ဆင့်အောင်မြင်မှုရရှိလာပြီး ဘောလုံးပရိတ်သတ်တွေရဲ့စိတ်ဝင်စားအားပေးခြင်းကို ရရှိခဲ့တဲ့ လက်ရွေးစင်ကစားသမားကျော်မင်းဦးဟာ သူ့ရဲ့ဒဏ်ရာအခြေအနေကြောင့် ကစားသမားဘဝမှအနားယူလိုက်တာပဲ ဖြစ်ပါတယ်။ သူဟာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ကစားသမားတစ်ဦး ဖြစ်ပြီး ဒူးဒဏ်ရာကြောင့် ထိုင်းနိုင်ငံတွင်သွားရောက်ကုသမှုပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်လည်းဖြစ်ပြီး အနားယူမယ့်အသင်းကြောင့် ပရိသတ်တွေလည်းစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်ကတော့ ကျော်မင်းဦးကို ထိုင်းနိုင်ငံတွင် အောင်သူကစားခဲ့တဲ့ Police Tero အသင်းတွင် ကြံ့ခိုင်မှုလေ့ကျင့်ခန်းများ ပြုလုပ်စေခဲ့သော်လည်း ဒဏ်ရာအခြေအနေမှ လုံးဝမသက်သာလာတာကြောင့် ယခုလို အနားယူဖို့ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ ကျော်မင်းဦးဟာ အသက်၂၃နှစ်အောက် မြန်မာအမျိုးသားဘောလုံးအသင်းမှ အလယ်တန်းကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ မန္တလေးဘောလုံးအကယ်ဒမီတွင် ၂၀၁၁ နှစပြီး သုံးနှစ်တာပညာ သင်ကြားခဲ့ပြီးနောက် ၂၀၁၄ တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ၂နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးစာချုပ်သက်တမ်းကုန်ဆုံးသောအခါ ရန်ကုန်ယူနိုက်တက်အသင်းသို့ပြောင်းရွှေ့ကာ ထပ်မံစာချုပ်ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

2011 AFF U-16 လူငယ် ချန်ပီယံရှစ်ပြိုင်ပွဲမှစတင်ပြီး မြန်မာ ယူ-၁၆ အသင်းတွင် ပါဝင်ကာ နိုင်ငံအတွက် ပထမဆုံး စတင်ကစားခဲ့သည့်ကစားသမားလည်း ဖြစ်ပါတယ်။ ထို့အပြင် မြန်မာ ယူ-၁၆ အသင်းမှ စတင်ကာ နိုင်ငံအသင်းများတွင် အဆင့်ဆင့် ကစားခဲ့ပြီး အလိမ်အခေါက်ကျွမ်းကျင်ပိုင်နိုင်သော ကစားသမားတစ်ဦးဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင် ကစားခဲ့သော FIFA U-20 World Cup တွင် မြန်မာ ယူ-၂၀ အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo - Kyaw Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။