အာရှတိုက်ရဲ့ပြိုင်ဆိုင်မှုအရှိဆုံးနဲ့ ပရိသတ်စိတ်အဝင်စားဆုံးပြိုင်ပွဲကြီးကတော့ယူအေအီးနိုင်ငံမှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲပဲဖြစ်ပါတယ်။အာရှအားကစားပြိုင်ပွဲကတော့ကျင်းပလာခဲ့တာအုပ်စုနောက်ဆုံးပွဲစဉ်တွေကိုရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။အုပ်စုပွဲတွေပြီးဆုံးလာတော့မှာနှင့်အမျှအသင်းတိုင်းက မိမိအသင်းအုပ်စုတက်ဖို့ကိုရေကုန်ရေခန်းကြိုးစားနေကြတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာနိုင်ငံအသင်းတွေကတော့နိုင်ငံရဲ့အကောင်းဆုံးကစားသမားတွေကိုရွေးချယ်ပြီးယှဉ်ပြိုင်နေကြတာပါ။ဥရောပကလပ်အသင်းတွေမှာကစားနေတဲ့ကစားသမားတွေကိုပြန်လည်ခေါ်ယူပြီးမိမိအသင်းအောင်ပွဲရရှိဖို့ပြင်ဆင်ထားတာပါ။အာရှဖလားပြိုင်ပွဲဝင်အာရှထိပ်သီးတောင်ကိုရီးယားအသင်းကလည်းသူတို့ရဲ့အကောင်းဆုံးကစားသမားတွေနဲ့တူတူယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

ခုမှာတော့တောင်ကိုရီးယားအသင်းရဲ့အဓိကကစားသမားလို့ဆိုရမယ့်စပါးအသင်းမှာကစားနေတဲ့ဆွန်ယောင်မင်အသင်းကိုလာရောက်ပူးပေါင်းတာဖြစ်ပါတယ်။ဆွန်ယောင်မင်ဟာနှစ်သင်းလုံးအတွက်အရေးပါတဲ့ကစားသမားဖြစ်တာကြောင့်စပါးအသင်းကလည်းတောင်ကိုရီးယားရဲ့အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင်စေလွှတ်ခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားအသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်တရုတ်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။နှစ်သင်းလုံးကတော့အုပ်စုတက်ပြီဖြစ်ပေမယ့်လည်းအုပ်စုဗိုလ်လုကြရမှာဖြစ်ပါတယ်။ပွဲတွေပန်းနေတဲ့ဆွန်ယောင်မင်လည်းတောင်ကိုရီးယားအသင်းနဲ့တူတူ အောင်မြင်မှုတွေဆွတ်ခူးနိုင်မလားဆိုတာ စောင့်မျှော်ရင်းနဲ့အားပေးကြရဖို့ဖိတ်ခေါ်အပ်ပါတယ်။

SOURCE:AFC Asian Cup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။