ပရိသတ်ကြီးရေ.. နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဒါရိုက်တာမိုက်တီးဟာ မူးယစ်ဆေးပြား (၂၆)ပြားလက်ဝယ်တွေ့ရှိမှုနဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတယ်ဆိုတာ ပရိသတ်ကြီးများအားလုံး အသိပါပဲနော်..။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကျန်းမာရေးကြောင့် အကျဉ်းထောင်ဆေးရုံ မှာ ဆေးကုသမှုခံယူကာ အသားစကို စစ်ဆေးခဲ့ရတဲ့ စိတ်မကောင်းစရာ သတင်းကြောင့် ပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများလည်း စိတ်မကောင်းဖြစ်ခဲ့ကြပါသေးတယ်..။

ခက်ခဲပင်ပန်းမှုတွေများစွာ ကြုံတွေ့နေရတဲ့ ဒါရိုက်တာမိုက်တီးအတွက် သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ကလည်း လွန်ခဲ့တဲ့ (၆)နှစ်ကျော်က အတူရိုက်ကူးထားတဲ့ ဓာတ်ပုံအဟောင်းလေးကို တင်ပြီး ဆုတောင်းစကားလေး ဆိုလိုက်ပါတယ်..။

“အနုပညာအလုပ်တွေ အမြန်ဆုံးပြန်ပြီး လုပ်နိုင်ပါစေ ကိုမိုက်ရေ..” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဓာတ်ပုံလေးအတူ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က တင်ထားတာ ဖြစ်ပါတယ်..။

ဒါရိုက်တာမိုက်တီးဟာ (၂၀၁၈)ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့က မူးယစ်ဆေးပြား(၂၆)ပြားနဲ့ အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မိသားစုတွေနဲ့အတူ ပရိသတ်တွေနဲ့ အနုပညာရှင်များစွာကလည်း ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

မခိုင်လေးရဲ့ ဆုတောင်းစကားလေးတွေနဲ့အတူ ဓာတ်ပုံဟောင်းလေးကိုလည်း ပြန်လည်မျှဝေလိုက်ပြီး ဒါရိုက်တာမိုက်တီး ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး အနုပညာအလုပ်တွေ အမြန်ဆုံး ပြန်လည်လုပ်ဆောင်နိုင်ပါစေနော်..။

Photo - ခိုင်သင်းကြည်၊ Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။