ရီးရဲလ်မက်ဒရစ်အသင်းသည် ကစားသမားသစ်ခေါ်ယူရန် ပြင်ဆင်ခဲ့ပြီးနောက် စပါးအသင်းကွင်းလယ်ကစားသမားအဲရစ်ဆင်နှင့် ချယ်လ်ဆီးအသင်းကစားသမား ဟာဇက်တို့ကိုခေါ်ယူသွားရန် ပြင်ဆင်နေကြောင်းသိရသည်။ ရီးရဲလ်မက်ဒရစ်အသင်းက ကွင်းလယ်ပိုင်းအတွက် အဲရစ်ဆင်ကို ပြောင်းရွှေ့ကြေးစတာလင်ပေါင် သန်း၅၀ဖြင့်ငနဦးကမ်းလှမ်းမှုပြုလုပ်သကဲ့သို့ချယ်လ်ဆီးအသင်းကစားသမား ဟာဇက်ကိုလည်း ပြောင်းရွှေ့ကြေးစတာလင်ပေါင်သန်း ၅၀ ဖြင့်ကမ်းလှမ်းမှုပြုခဲ့ကြောင်း သိရသည်။ စပါးအသင်းက အဲရစ်ဆင်ကို ခေါ်ယူလိုသည့်အသင်းများအနေဖြင့် စတာလင်ပေါင်သန်း ၂၅၀ကျော်ပေးချေသွားရမည်ဟု ထုတ်ပြန်ထားသကဲ့သို့ဟာဇက်ကိုအလိုရှိသော အသင်းအနေဖြင့် စတာလင်ပေါင်သန်း ၂၀၀ အထိပေးချေသွားရမည်ဟု ပြောကြားထားသည်။

သို့သော် အဆိုပါကစားသမားနှစ်ဦးလုံးသည် သက်ဆိုင်ရာအသင်းများနှင့် ချုပ်ဆိုထားသည့်စာချုပ်အရ စာချုပ်သက်တမ်း၏ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီပဲ ဖြစ်သည်။ အဲရစ်ဆင်နှင့်ဟာဇက်တို့သည် သက်ဆိုင်ရာအသင်းများနှင့် စာချုပ်ချုပ်ဆိုရန် ငြင်းပယ်ထားသောကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၅၀ဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ 

ရီးရဲလ်မက်ဒရစ်အသင်းသည် အသက်၃၃နှစ်ရှိ မိုဒစ်နေရာတွင် အစားထိုးရန်အတွက် အဲရစ်ဆင်ကို စိတ်ဝင်စားနေပြီး အသင်းမှထွက်ခွာသွားသော စီရော်နယ်ဒိုနေရာတွင် အစားထိုးသွားရန် ဟာဇက်ကိုခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ဟာဇက်သည် ရီးရဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသည့်ကစားသမားဖြစ်ပြီး ကမ်းလှမ်းမှုကို စောင့်မျှော်နေသူတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ဟာဇက်ကိုခေါ်ယူရန် အဆင်ပြေနိုင်သော်လည်း အဲရစ်ဆင်ကိုခေါ်ယူရန် အခက်အခဲရှိနိုင်သည်ဟု မာကာသတင်းစာကဖော်ပြခဲ့ကြောင်းသိရသည်။

Source - Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။