ပရိသတ်ကြီးရေ.. အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ဂီတအနုပညာလောကမှာ နေရာတစ်ခုအထိ အောင်မြင်မှုတွေကို အခိုင်အမာရရှိထားသူဖြစ်သလို သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသလို ချစ်စရာကောင်းလွန်းတဲ့ အမွှာသမီးလေးတွေနဲ့အတူ နေ့ရက်တိုင်းကို သမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စွာ ဖြတ်သန်းနေတာလည်း တွေ့ရပါတယ်..။

ကြည်နူးပျော်ရွှင်စရာ မိသားစုလေးကိုပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်သူတို့စုံတွဲလေးကတော့ လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး လတ်တလောမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆောက်လုပ်ဖို့အတွက် အလှူငွေအဖြစ် သိန်း(၆၀)ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရုံး ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေရင်း ရရှိခဲ့တဲ့ အနုပညာကြေး သိန်း(၆၀)ကို ပြန်လည်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်..။

“မန္တလေး အောင်မြေသာစံရုံးဆောက်ရန် ရံပုံငွေဖျော်ဖြေပွဲတွင် ဂီတနှင့် ပူးပေါင်းပါဝင်ရင်း အနုပညာခ သိန်း ၆၀ အား ပြန်လည် လှူဒါန်း..” ဆိုပြီးတော့လည်း ဂုဏ်ပြုမှတ်တမ်းလွှာနဲ့အတူ ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရဓာတ်ပုံလေးတွေကို တင်ရင်း ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့တာပဲ ဖြစ်ပါတယ်..။

အလှူအတန်းတွေကိုလည်း ဇနီးမောင်နှံနှစ်ယောက်အတူ တက်ညီလက်ညီလက်တွဲပြီး တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး ပါရမီဖြည့်နေကြတဲ့ သူတို့ရဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက ဝမ်းသာနေကြတာ တွေ့ရပါတယ်..။

Photo - လင်းလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။