အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ သရုပ်ဆောင်လူမင်းကတော့ အနုပညာအလုပ်တွေကို ငယ်ရွယ်နုပျိုနေစဉ်အချိန်ကတည်း လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်လို့ ပရိတ်သတ်ရဲ့ရင်ထဲမှာရှိနေတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။လူမင်းက ဇာတ်ကားပေါင်းများစွာကို ပိုင်တိကျတဲ့ အိုင်တင်တွေနဲ့ စွယ်စုံရမင်းသားကြီးတစ်လက်ပဲဖြစ်ပါတယ်။လူမင်းရဲ့ အနုပညာသက်တမ်းကလည်း ကြာမြင့်နေပြီဖြစ်လို့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။

လူမင်းက ခင်စံပယ်ဦးနဲ့ နှစ်ယောက်တစ်ဘဝကို တည်ထောင်လိုက်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်နော်။လူမင်းက အနုပညာအလုပ်တွေကိုလည်း အရင်ကထက် ပိုကြိုးစားလာသလို မိသားစုအတွက်လည်း ဂရုစိုက်မှုတွေကို မလစ်ဟင်းအောင် တာဝန်ကျေပြွန်လို့ သာယာပျော်ရွှင်ရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။လူမင်းတို့ အိမ်ထောင်ရေးလေးက တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေနဲ့ တည်ဆောက်ထားလို့ ပရိတ်သတ်တွေက အားကျနေရတဲ့ မိသားစုပါ။

လူမင်းက မိန်းမဖြစ်သူကိုလည်း ယခုချိန်ထိ အလိုလိုက်အကြိုက်ဆောင်ပြီး အရမ်းချစ်သလို ခင်စံပယ်ဦးကလည်း ယောကျာ်းဖြစ်သူကို အစစ အရာရာ ဂရုစိုက်ပေးတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ ဘယ်ကိုပဲသွားသွား နှစ်ယောက်လုံးကို အတူတွေ့မြင်ရမှာဖြစ်ပါတယ်။အခုဆိုရင်လည်း လူမင်းတို့ ဇနီးမောင်နှံက city FM 17th anniversary ပွဲလေးကို အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့ အလှတရားတွေနဲ့ လူငယ်လေးတွေနဲ့အပြိုင် နုပျိုလန်းဆန်းစွာ တက်ရောက်လာပါတယ်နော်။

Source:Ayarwady Lu Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။