Real Madrid အသင်းရဲ့ အရင် ဥက္ကဋ္ဌ Ramon Calderon ဟာ Zinedine Zidane ဟာ ဘာကြောင့် အသင်းကထွက်သွားလဲဆိုတာကို အကြောင်းပြချက်ပေးခဲ့ပါတယ်။ Zidane က Champion League မှာ ၃ကြိမ်မြောက် Champion League ဖလားအနိုင်ရပြီးနောက် ၅ရက်အကြာမှာပဲ အသင်းကနေထွက်ခွာတော့မယ်လို့ပြောလိုက်တဲ့အချိန်မှာ တော်တော်များများ အံသြသင့်ခဲ့ပါတယ်။ Cristiano Ronaldo ဟာလဲ အသင်းကနေထွက်ခွာဖို့ အဆင့်သင့်ဖြစ်နေခဲ့ပါတယ်။ 

အဲ့နောက်မှာတော့ Calderon ဟာ Zidane ထွက်ရခြင်းအကြောင်းကတော့ အသင်းက ပေါ်တူဂီကစားသမား Ronaldo ကို ရောင်းဖို့နဲ့ Gareth Bale ကိုဆက်လက်ထားရှိဖြင်းတို့ကြောင့်ပဲလို စောဒကတတ်ပြောဆိုခဲ့ပါတယ်။ Calderon က " Zidane ဟာအသင်းကနေထွက်ခွာဖို့ အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပဲ " လို့သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ Real ကလဲ့ ခုအခြေအနေမှာတေ့ာ Zidane နည်းပြလုပ်တုန်းက ကစားတာထက် မဆော့နိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

" သူလိုချင်ခဲ့တာက Bale ကိုရောင်းပြီး Ronaldo ကိုအသင်းမှာပဲ ဆက်လက်ကစားခိုင်းတာပါ.....ဒါပေမဲ့ အသင်းဥက္ကဋ္ဌက လုံးဝကို ပြောင်းပြန်လုပ်ခဲ့ပါတယ်...Zidane က ကစားသမားအချို့ကို ခေါ်ယူပြီး အချို့ကိုရောင်းတာကိုလိုချင်းခဲ့တာပါ....ဒါပေမဲ့ သူဆုတောင်းမပြည့်ခဲ့ပါဘူး...အာ့ကြောင့်ပဲ အသင်းကထွက်ဖို့ဆုံးဖြတ်လိုက်တာပါ....မှန်ကန်တဲ့ရွှေးချယ်မှုပဲ" လို့ Calderon ကပြောကြားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ.....အသင်းကတော့ အကောင်းဆုံးကစားနေတာပါပဲ။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။