ပရိသတ်တွေသဘောကျနေတဲ့ MRTV 4 ဇာတ်လမ်းတွဲတွေဟာဆိုရင် သုတရသ စုံလင်အောင်ပေးနိုင်တဲ့ ဇာတ်လမ်းတွဲတွေကို ထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလိုဇာတ်လမ်းတွဲတွေမှာဆိုရင် Forever Group က သရုပ်ဆောင်ချောတွေဟာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မင်းသားချောလေးတွေ ဟာလည်း နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို ထုတ်ချင်းဖောက်ဝင်ရောက်သွားခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ MRTV 4 ဇာတ်လမ်းတွဲတွေထဲက ပရိသတ်တွေအကြိုက်ဆုံး မင်းသား 7 ယောက်ပဲဖြစ်ပါတယ်။

သူတို့အားလုံးဟာ ဇာတ်လမ်းတွဲတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာလည်း အနုပညာလောကထဲကို ခြေလှမ်းချနေကြပြီပဲ ဖြစ်ပါတယ်။ အားလုံးက ပျိုပျိုမေတို့ရဲ့အသည်းကျော်လေးတွေဖြစ်ပြီး အချောစားလေးတွေချည်းပဲမို့ မသိသေးတဲ့ နှုတ်ခမ်းနီမလေးတွေကိုလည်း တစ်ခါတည်း အလင်းပြပေးလိုက်တယ်နော်။ ယောကျာ်းပီသပြီး ချောမောတဲ့ ရုပ်ရည်နဲ့ အားကိုးချင်စရာကောင်းတဲ့ ကိုယ့်ခန္ဓာအချိုးအစားတွေကတော့ ပြောစရာမလိုအောင် ပြည့်စုံလွန်းနေပါတယ်။

သူတို့ 7 ယောက်ကတော့ ကျော်ဆု၊ ကောင်းမြတ်စံ၊ အောင်မင်းခန့်၊ ကျော်ထက်ဇော်၊ စည်သူဝင်း၊၊ နက္ခတ်၊ အောင်ရေချမ်း တို့ပဲဖြစ်ပါတယ်။ သူတို့ 7 ယောက်လုံးကတော့ ပျိုပျိုမေတို့ကြားရေပန်းစားလွန်းတဲ့ MRTV 4 ရဲ့ ခန့်ချောလေးတွေပဲဖြစ်ကြပါတယ်။ နောက်ထပ်အချောလေးတွေကိုလည်း အလျဉ်းသင့်သလိုဖော်ပြပေးသွားမှာမို့ ပျိုပျိုမေတို့ မလွတ်တမ်းစောင့်ကြည့်အားပေးပါဦးနော်။

Photo - Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။