ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ အမိုက်စားသီချင်းစာသားတွေနဲ့ ပရိသတ်တွေအကြိုက်တွေကို ဖန်တီးတတ်တဲ့ Hip Hop အဆိုတော် စန္ဒီမြင့်လွင်ကလည်း ပရိသတ်အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ်..။

အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို နားလည်မှုတွေနဲ့ ပါရမီဖြည့်ပေးတတ်တဲ့ ခင်ပွန်းသည်နဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ထားပြီး မကြာခင်မှာလည်း ရင်သွေးလေးနဲ့အတူ ကြည်နူးစရာမိသားစုဘဝလေးကို ပိုင်ဆိုင်တော့မယ့်သူလေးလည်း ဖြစ်ပါတယ်..။

ကိုယ်ဝန်(၃)လရှိပြီဖြစ်တဲ့ မိခင်လောင်း ဒီဒီးကတော့ လတ်တလောမှာလည်း အခမ်းအနားပွဲတွေကို တက်ရောက်ဖြစ်နေပြီး ဇန်နဝါရီ(၁၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဒီဇိုင်နာမပုံ့ရဲ့ Zoey Grand Opening ပွဲလေးကို လည်း တက်ရောက်ဖြစ်ခဲ့တာ တွေ့ရပါတယ်..။

အမိုက်စားဖက်ရှင်လေးတွေနဲ့ အမြဲအထာကျနေတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းလေး သူမကတော့ အခုတစ်ခါမှာလည်း ခပ်လန်းလန်းအမိုက်စားဖက်ရှင်လေးနဲ့ ချစ်စရာကောင်းစွာ ပွဲတက်လာပြီး ကိုယ်ဝန်လေးနဲ့မို့ ပိုပြီးပြည့်လာပြီး ပိုလှလာပါတယ်နော်..။

အခမ်းအနားပွဲတက်ရင်း ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မပုံ့ကိုလည်း ဂုဏ်ပြုစကားလေးဆိုထားပါသေးတယ်..။

ချစ်စရာကောင်းစွာ ပွဲတက်ခဲ့တဲ့ မိခင်လောင်းလေး မဗိုက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ Myanmarload ရဲ့ ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - စန္ဒီမြင့်လွင်၊ Alinn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။